မြူးဇစ်ကြောင့် ဝေကြီးနဲ့ ပိုရင်းနှီးသွားတယ်ဖြိုးပြည့်စုံ

0
200

လတ်တလောမှာ အောင်ထက်နဲ့အတူ ထွက်ရှိထားတဲ့ ‘ကြယ်’ စီးရီးခွေထဲမှာ ဘယ်သီချင်းက အပေါက်ဆုံးဖြစ်မယ်လို့ထင်လဲဆိုတာ ဖြိုးပြည့်စုံကိုမေးတော့…

”ကြယ်စီးရီးခွေထဲမှာဆိုရင်တော့ ‘ကြယ်’ ရယ်၊ ‘သားနားလည်ပါတယ်’ ရယ်၊ ‘လှေ ကား’၊ ‘အသည်းနှလုံးမရှိတဲ့သူ’ သီချင်းတွေက ဝေကြီး ရေးပေးထားတာချည်းပဲ။ အဲဒီ သီချင်းတွေကတော့ ကာလတိုတိုလေးအတွင်းမှာ ပရိသတ်အားပေးပြီးတော့မှ ကိုယ့်ကို ဆက်ပြီး အလုပ်လုပ်ခွင့်ပေးတဲ့ သီချင်းလေးတွေပေါ့။ ဆက်ပြီးတော့လည်း ကြိုးစားပါဦး မယ်။ ဝေကြီးနဲ့လည်း တစ်ကိုယ်တော် စီးရီးခွေထဲမှာပါတဲ့ သီချင်းလေးတွေ ရှိသေးတယ်။ အဲဒီ သီချင်းလေးတွေကိုလည်း အားထားပါတယ်။ အဟောင်းထဲကလည်း ‘အလွမ်းမှတ်တိုင်’ ရော၊ ‘အသည်းကွဲဧည့်သည်’ရော ပြန်ပြီးထည့်ထားတယ်။ ဆိုတော့ ကျွန်တော်တို့တွေ ကြိုးစားပြီးတော့ တတ်သိနားလည်တာလေးတွေ အမြဲတမ်း မျှဝေပြီးတော့ တင်ဆက်သွားမှာပါ။ အမှားအယွင်းတွေလည်း ထောက်ပြပေးကြပါ။ ဆက်လက် ကြိုးစားပါ့မယ်” လို့ ဖြိုးပြည့်စုံက ပြောပါတယ်။

လက်ရှိ Current မှာ Hit ဖြစ်နေတဲ့ လူငယ်တေး ရေးဆရာ ဝေကြီးနဲ့ ဖြိုးပြည့်စုံရဲ့ အမှတ်တရတွေက…

”အဓိကကတော့ မြူးဇစ် ကြောင့်ပဲ ဝေကြီးနဲ့ ပိုရင်းနှီးသွားတာပေါ့နော်။ ဝေကြီးနဲ့ကတော့ ကျွန်တော်တို့ မောင်နှမတွေအားလုံးက တခြားနိုင်ငံကျော် တေးသံ ရှင်၊ အနုပညာရှင်တွေနဲ့ အလုပ်မလုပ်ခင်ကတည်းက ကျွန်တော်တို့ အားလုံးနဲ့ အတူတူရှိကြတော့ ညီအစ်ကိုတွေလိုဖြစ်တယ်။ နောက်ပိုင်း တွေမှာ ဝေကြီးတင်မက ဝေကြီးမိသားစုကိုပါ ကျွန်တော်တို့ သိတယ်။ နောက်တစ်ချက်က အနုပညာလည်း ပိုပြီးတော့ အရည်အသွေး တိုးတက်စေမယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဘာကြောင့်လဲဆိုတော့ နှလုံးသား ရင်းနှီးသွားတဲ့အခါကျတော့ တစ်ယောက်နဲ့တစ်ယောက် အားနာ စရာတွေ မရှိတော့ဘူး။ ထိမ်ချန်စရာတွေမလိုတော့ဘဲနဲ့ ပွင့်ပွင့်လင်း လင်းတိုင်ပင်လို့ရတယ်။ ဆွေးနွေးလို့ရတယ်။ လိုအပ်ချက်တွေ ထောက်ပြလို့ရ တယ်ဆိုတော့ ကောင်းတဲ့အရာပါပဲ။ အခုလို သိုက်သိုက်ဝန်းဝန်း ရင်းနှီးခွင့်ရ တာကိုပဲ ကျွန်တော်က ဝမ်းသာတယ်” လို့ ဖြိုးပြည့်စုံက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here