The Coffee Bean and Tea Leaf လေးဆိုင်​မြောက်​ ဆိုင်​ခွဲကို မြန်​မာပလာဇာတွင်​ ထပ်​မံဖွင့်​လှစ်

0
186

The Coffee Bean and Tea Leaf ဆိုင်​ခွဲဖွင့်​ပွဲကို ရန်​ကုန်​မြို့၊ မြန်​မာပလာဇာတွင်​ စက်​တင်​ဘာလ၁၅ ရက်​နေ့က ကျင်းပပြုလုပ်​ခဲ့သည်​။

အမေရိကန်​နိုင်​ငံမှာပထမဆုံး စတင်​ဖွင့်​လှစ်​ခဲ့ပြီးနှစ်​ပေါင်း ၃ဝ ကျော်​ အောင်​မြင်​ကျော်​ကြားနေတဲ့ Coffee Bean and Tea Leaf ဆိုင်​ကို မြန်​မာနိုင်ငံရှိ ပြည်​သူများလည်းသောက်​သုံးနိုင်​အောင်​ ယခု လို မျိုးဆိုင်​ခွဲ ထပ်​မံဖွင့်​လှစ်​ရခြင်းဖြစ်​ကြောင်း အမေရိကန်​နိုင်ငံ မှ ကျွမ်းကျင်​သူများ ထုတ်​လုပ်​ထားသည့် ကော်​ဖီစေ့နဲ့လက်ဖက် ခြောက်​များကို မလေးရှားနိုင်​ငံတွင်​ သင်​တန်းပို့လွှတ်​ထားသော Coffee Master များကဖျော်​ပေးသွားမှာဖြစ်​ပြီးစား သုံးသူများ အနေဖြင့် ကြိုက်​နှစ်​သက်​ရာကော်​ဖီကို ရွေးချယ်သောက်​သုံးနိုင်​ပါကြောင်း အဆိုပါဆိုင်မှ တာဝန်​ရှိသူတစ်​ဦးဖြစ်​သည့် ဒေါ်ခင်​သီတာစိုးက ပြောပြခဲ့ပါသည်။

ယခုဖွင့်​လှစ်​သောဆိုင်​ခွဲမှာ လေး ဆိုင်မြောက်​ဖြစ်​ပြီး ကျန်​ဆိုင်​ခွဲသုံးဆိုင်​ကို ရန်​ကုန်​အပြည်​ပြည်​ဆိုင်​ရာ လေဆိပ်​တွင်​ဖွင့်​လှစ်​ခဲ့ပြီးဖြစ်​သည်​။

ခိုင်​ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here