မိုးတွင်းမှာ ပွဲကျဲတဲ့ အတွက်ရုပ်ရှင်တွေပါဝင်ရိုက်ကူးနေတယ်Five Starအဖွဲ့က ကြာစိ

0
119

ပရိသတ်ကြီး ဘဝအမောတွေ ပြေပျောက်စေဖို့ ဟာသတွေကို မရိုး နိုင်အောင် တင်ဆက်နေတဲ့ Five Star အဖွဲ့က လူရွှင်တော် ကြာစိက တော့ လတ်တလောမှာ ရုပ်ရှင်ဘက် ကို ဦးစားပေးပြီး ပါဝင်ရိုက်ကူးဖြစ်နေ တယ်လို့ ဆိုပါတယ်။

”ကျွန်တော်တို့ အဖွဲ့သားတွေ ကတော့ မိုးတွင်းမှာ ပွဲကကျဲတယ်။ သီတင်းကျွတ်ကျမှပဲ ပွဲတွေ ကကြမှာ။ အခုတော့ ပွဲကကျဲတဲ့အတွက် ရုပ်ရှင် တွေ ရိုက်ကူးနေတယ်။ ရုပ်ရှင်ရိုက် တဲ့ဘက်ကို ဦးစားပေးပြီး ပါဝင် ရိုက်ကူးဖြစ်နေတာပေါ့။ ပရိသတ်နဲ့ အဆက်မ ပြတ်သွားအောင်ပါ” လို့ လတ်တလော အနုပညာ လှုပ်ရှားမှု တွေနဲ့ပတ်သက်ပြီးကြာစိက ပြောပါ တယ်။

ဟာသပြက်လုံးတွေနဲ့ ပတ် သက်ပြီးကြာစိ သဘောကျမိသူ တစ်ယောက် လည်း ရှိပါတယ်။ သူကတော့ အရာတော်သားလေး ဖိုးထောင်ပါ။ အရာတော်သား လေးဖိုးထောင်ဆီက ဘယ်လို ပြက် လုံးမျိုးကို သဘောကျမိလဲ ဆိုတာ ကြာစိကို မေးမြန်းကြည့်တော့…

”ပြက်လုံးတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့က တစ်ခုခုကို ကြည့် လိုက်ပြီးတော့ ဟာသဖောက်တော့ မယ်၊ ဟာသလုပ်တော့မယ်ဆိုရင် သူ့ ဆီ ရောက်သွားပြီ။ သူက လုပ်ပြီး သွားပြီ။ ကျွန်တော်တို့တွေ လိုက်လုပ် လို့မရတော့ဘူး။ သူကတော့ သေချာ Edit လုပ်ပြီးတင်တာ။ ကိုယ်တွေ ကျတော့ စင်ပေါ်မှာ လုပ်ရတဲ့အခါကျ တော့ သူ့ကို မမီဘူး။ အဲဒါတော့ သူက ပိုမိုက်တယ်။ သူတို့က စင်ပေါ် ကျတော့ မရတော့ဘူး။ အဲဒီလိုမျိုး အားနည်းချက်အားသာချက်တော့ ရှိတယ်။ ပြီးတော့ သူက အပင်ပန်းခံ နိုင်တယ်။ အများကြီးကို သူတစ် ယောက်တည်း လုပ်နိုင်တယ်” လို့ လည်း ကြာစိက ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here