တတိယမြောက် ရုပ်ရှင်ဇာတ်ကားကိုအကောင်းဆုံး ကြိုးစား တင်ဆက်သွားမယ့်ဇဏ်ခီ

0
146

စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံမှာ ဖွင့်ပွဲ ပြုလုပ်ခဲ့တဲ့ ၂၇ ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော်ဖွင့်ပွဲကို နာမည်ကျော်စုံတွဲ ဖြစ်ပြီး ပရိသတ်က ခီမောင်နှံလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီ တို့ ဇနီးမောင် နှံနှစ်ဦးက အထူးဧည့်သည်တော် တွေအဖြစ် တက်ရောက်ခဲ့ကြတယ်။ ပွဲတော်ရောက်တော့ ဇဏ်ခီ ပြောတာ က ရုပ်ရှင်ပွဲတော်ဆိုရင် သူကတော့ စိတ်ဝင်စားပြီးသားပဲ။ နောက်တစ်ခု ကတော့ ရုပ်ရှင်ပွဲတော်တိုင်းဟာ ပြုလုပ်တဲ့ တိုင်းပြည်အပေါ်မူတည်ပြီး ကွာခြားကြတာမို့ အခုပြုလုပ်တဲ့ ရုပ် ရှင်ပွဲတော်မှာလည်း ဥရောပနိုင်ငံရဲ့ လူနေမှု စနစ်တွေ၊ယဉ်ကျေးမှုတွေ၊ ရိုက်ကူးတင်ဆက်မှုတွေ၊ သရုပ် ဆောင်တွေရဲ့ ကွဲပြားတဲ့ သရုပ် ဆောင်မှုတွေကိုခံစားရမှာ ဖြစ်တယ် လို့ ဇဏ်ခီက မှတ်ချက်ပြု ဆိုပါတယ်။

နောက်တစ်ခုကတော့ ဥရောပ ရုပ်ရှင်ပွဲတော်၊ မြန်မာနိုင်ငံမှာ ပြု လုပ်တော့ ထုံးစံအတိုင်း ဆင်ဆာကို ဖြတ်သန်း ရတာမို့ ဇာတ်ကား နှစ်ကားကတော့ ဆင်ဆာထောက် ညွှန်ခြင်း နည်း နည်းခံခဲ့ရ တာ ကြောင့် ဇဏ်ခီ ကို ဆင်ဆာနဲ့ ပတ်သက်ပြီး မေးတော့ သူ တို့ကိုယ်တိုင် လည်း ‘မုဒြာ ခေါ်သံ’ နဲ့ ‘ဥပါယ်တံမျဉ်’ ရုပ်ရှင်ဇာတ် ကားတွေမှာ ဆင် ဆာဖြတ်သန်းမှု အတွေ့အကြုံတွေ ရခဲ့တယ်လို့ဆိုပြီး နောက်ပိုင်းမွှျာအေငညါ စနစ်နဲ့ သွားတာမျိုး ဖြစ် သင့်တယ်လို့ သူ့ရဲ့သဘော ထားကို ဆိုခဲ့တယ်။

လက်ရှိ ဇဏ်ခီပြင်ဆင် နေတာကသူ့ရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ် ကား ဖြစ်လာမယ့် Now & Ever အတွက် အာရုံစိုက်နေပါတယ်။ ဒါပေမဲ့ အဲဒီတစ်ခုတည်းအတွက် မဟုတ်ဘဲ သီတာနဲ့ ရုပ်သံဇာတ်လမ်း တွဲ အတွက်လည်း အာရုံစိုက်နေ ရပါတယ်။ ဘာကြောင့်လဲဆိုတော့…

”Now & Ever ရဲ့ ပုံစံက ရိုမန့် ဆိုပေမယ့် Darkness ဖြစ်တဲ့ ဘက်ကို ရောက်ပါမယ်။ ပျော်ရွှင်ဖွယ် ရိုမန့်ပုံစံတော့ မဟုတ်ဘူးပေါ့။ ပြင် ဆင်မှုတွေအနေနဲ့ကတော့ လုပ်နေ ပြီလို့ပဲ ပြောရမယ်။ Preparation Team Workshop အနေနဲ့ လုပ်ဖြစ်တော့မှ သေချာပြင်ဆင်မှု တွေဆိုတာ ဖြစ်လာမယ်။ ပြီးတော့ Now & Ever မှာ ကျွန်တော်က ဘယ်ဇာတ်ကောင် ကာရိုက်တာဖြစ် မယ်ဆိုတာကို မသိသေးဘူး။ ကျွန်တော်က အခု Now & Ever အတွက်တင် မဟုတ်ဘဲနဲ့ သီတာအ တွက်ရော၊ ရုပ်သံစီးရီးအတွက်ကိုပါ လူသစ်သရုပ်ဆောင်တွေ ရွေးချယ် နေကြတာ ဖြစ်တယ်။ အဲဒီတော့ ထုံးစံအတိုင်း ဇာတ်ကားတွေ ရိုက် ကူးတဲ့အခါ လူသစ်နဲ့ လူဟောင်းတွေ ရောပြီးတော့ သွားမှာပေါ့။ သေချာ တာကတော့ Now & Ever သည် ဥပါယ်တံမျဉ်ပုံစံနဲ့ လုံးဝ တူမှာမဟုတ် ပါဘူး။ Now & Ever ကို အကောင်း ဆုံးပုံစံနဲ့ ကျွန်တော်တို့ ကြိုးစားတင် ဆက်သွားမှာပါ။ ရုပ်သံစီးရီးကတော့ အက်ရှင်ပုံစံဘက်ကို ရောက်တဲ့ မှုခင်းပုံစံ ဇာတ်လမ်းတွဲပါ” လို့ ဇဏ်ခီက ပြောပြခဲ့တယ်။

ဇဏ်ခီကတော့ သူတို့ကို ချစ် မြတ်နိုးအားပေးနေကြတဲ့ ပရိသတ် တွေအတွက် ပြောပြခဲ့တာကတော့ သူတို့တွေအနေနဲ့ အကောင်းဆုံး ဆက်ကြိုးစားသွားကြမယ်။ ပြီးတော့ အခုလက်ရှိမှာရိုက်ကူးဖို့ ပြင်ဆင် နေပြီ ဖြစ်တဲ့ Now & Ever ကိုလည်း အကောင်းဆုံးပုံစံနဲ့ ပုံဖော်ရိုက်ကူး သွားကြမှာ ဖြစ်တယ်။ အဲဒါကြောင့် ပရိသတ်တွေ အနေနဲ့ သူတို့ကို ဆက် လက်အား ပေးကြပါဦးလို့ ပြောပြ သွားခဲ့ပါတယ်။

ထက်လူ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here