ဒုတိယ အခွေမှာ ခင်မောင်တိုးရဲ့ သီချင်းတွေကို ပြန်လည်သီဆိုထားတဲ့ကိုတိုးခိုင်

0
211

ကိုတိုးခိုင်ကတော့ နာမည်ကျော် မင်းသမီး အိâန္ဒာကျော်ဇင်ရဲ့ ခဲအို၊ နာမည်ကျော် ဒီဇိုင်နာ အိကျော်ဇင်ရဲ့ ခင်ပွန်း၊ သရုပ်ဆောင် မေတိုးခိုင် ရဲ့ ဖခင်ပဲဖြစ်ပါတယ်။ ပြီး ခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က ‘တွဲ ဘက်သွေး’ ဆိုတဲ့ တစ်ကိုယ် တော်စီးရီးခွေထွက်ရှိထားတဲ့ ကိုတိုးခိုင်က လာမယ့် အောက်တိုဘာလအတွင်း ဒုတိယတစ်ကိုယ်တော် စီးရီးခွေထပ်မံထွက်ရှိလာမယ်လို့ ဆိုပါတယ်။

”ပထမစီးရီးခွေထက်စာရင် ကျွန်တော် ဒုတိယအခွေကို ပိုအားရတယ်။ ပထမအခွေကတည်းက ကျွန်တော် ကိုခင်မောင်တိုးသီချင်းတွေကို ထည့်ချင် တာ။ ထည့်ခွင့်မကြုံ လိုက်ဘူးပေါ့နော်။ အခုဒီအခွေထဲမှာတော့ ကိုခင်မောင် တိုးသီချင်းတွေ ၅ပုဒ်လောက် ပါပါတယ်။ ကျွန်တော် တအားကြိုက်ခဲ့တဲ့ သီချင်းတွေကို ပြန်ဆိုထားတာဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ဒီအခွေကို ပိုပြီးတော့ အားရပါတယ်” လို့ ကိုတိုးခိုင်ကပြောပါတယ်။

ခင်မောင်တိုးရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘ပန်းချစ်သူ’ သီချင်းကို အဆိုတော် ဂျူဝယ်(လ်) နဲ့ ရိုက်ကူးနေတဲ့ ကိုတိုးခိုင်ရဲ့ ရိုက်ကွင်းကို သွားရောက်ခဲ့စဉ် အရှိန်အဝါကြီးလွန်းတဲ့သီချင်းကို ပြန်လည်သီဆိုတဲ့အခါ ဖိအားတွေများစွာ ရှိမယ်ထင်တယ်လို့ မေးဖြစ်တော့ –

”စတူဒီယိုထဲမှာ ကျွန်တော် အကြိမ်ကြိမ်သီဆိုခဲ့ရတယ်။ ဘာဖြစ်လို့လဲဆို တော့ တာဝန်သိပ်ကြီးလို့။ အသံစသွင်းသွင်းချင်း ၃ ခေါက်၊ ၄ ခေါက်လောက် ကတော့ ကျွန်တော် ဘယ်လိုမှသွင်းလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့မှာ တအားပေါက်ခဲ့တဲ့ သီချင်းဖြစ်တော့လေ။ ကိုခင်မောင်တိုးနဲ့ မမီမီဝင်းဖေနဲ့ ဆိုခဲ့တာကလည်း တအားကောင်းခဲ့တာကိုး။ အခုလည်း အရဲစွန့်ပြီးသာ ပြန်လုပ်တာပါ။ စိတ်ကိုတဖြည်းဖြည်းလျှော့ချပြီး အသံသွင်းတော့မှပဲ အဆင်ပြေသွားပါတယ်။ ဒါပေမဲ့လည်း ရှေ့ကဆိုခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ၂ ယောက် လောက်လည်း မကောင်းပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်းသိပါတယ်” လို့ ကိုတိုးခိုင်က ပြောပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here