ပရိသတ်တွေအနေနဲ့ အဂ္ဂါမိုးဝင်းကို စောင့်ပေးပါလို့ တောင်းဆိုလိုက်တဲ့ဟန်ဇာမိုးဝင်း

0
376

ဟန်ဇာမိုးဝင်းက ဒီနှစ်ဇာတ်သဘင်ရာသီမှာတော့ စံပြသဘင်ကို သူတစ်ယောက်တည်း အနေနဲ့ပဲ ဦးဆောင်ကာကပြလျက်ရှိပါတယ်။ သူဟာ ပရိသတ်တွေအတွက်တာဝန်ကျေတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ချင်သလို မိသားစုအတွက်လည်း တာဝန်ကျေတဲ့ သား တစ်ယောက်ဖြစ်ချင်သူပါ။

ဒါကြောင့်လည်း သူဟာ ညီတွေနဲ့ပတ်သက်လို့ အစ်ကိုကြီး အဖအရာအနေနဲ့ ညီတွေဖြစ်ချင်တာ မှန်သမျှကို ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။ အခုဆိုရင် လည်း ဂီတပိုင်းကို သွားချင်တဲ့အဂ္ဂါမိုးဝင်းကို ပံ့ပိုးပေးလျက်ရှိသလို ရုပ်ရှင်ပိုင်းကိုသွားချင်တဲ့ ညီအငယ်ဆုံးဖြစ်တဲ့ နေမိုးဝင်းကိုလည်း ပံ့ပိုးပေးလျက်ရှိပါတယ်။

ဇာတ်မကတော့ တဲ့ ညီဖြစ်သူအဂ္ဂါမိုးဝင်းရဲ့ ပရိသတ်တွေကိုလည်း ညီဖြစ်သူကိုခဏလေး စောင့်ဆိုင်းပေးပါလို့ တိုက်တွန်းစကားဆိုခဲ့ပါတယ်။

”ဂီတနဲ့ပတ်သက်လို့ သူသေချာထဲထဲဝင်ဝင် သွားလေ့လာနေတဲ့အချိန် မှာ ပရိသတ်တွေအနေနဲ့ စောင့်ဆိုင်းပေးဖို့လိုပါတယ်။ သူကလည်း သူ့ပရိ သတ်တွေအတွက် အကောင်းဆုံးပြင်ဆင်လာဖို့လိုတယ်။ ပရိသတ်ရော၊ အနုပညာရှင်ရောက သဟဇာတဖြစ်ဖို့ အရေးကြီးပါတယ်။ သူ့အနေနဲ့ လေ့လည်း လေ့လာသင့်ပါတယ်။ ဂီတလောကထဲကိုဒီအတိုင်း ဝင်သွားတာ ထက်စာရင် နားလည်တတ်ကျွမ်းပြီးဝင်သွားတာကပိုကောင်းလိမ့်မယ် ထင်တယ်။ ကိုယ်က နုတ်စ်တွေဘာတွေနားလည်နေမယ်ဆိုရင် ကိုယ်ပြောချင် တာတွေ ကိုယ်ပြင်ချင်တာတွေကို သူတို့ကိုပြောပြနိုင်သလို သူတို့ပြောပြတာ ကိုလည်း ကိုယ်ယူနိုင်မယ်။ ကိုယ်ကဘာမှမသိထားဘူးဆိုရင် သူတို့အကြံဥာဏ် ပေးလည်း ကိုယ်ယူနိုင်မှာမဟုတ်ဘူး။ အဲဒီအတွက် သူသွားပြင်ဆင်နေတာပါ။ ဘယ် အောင်မြင်မှုမျိုးမဆို အချိန်ပေးရပါတယ်” လို့ ပရိသတ်တွေအတွက် ဟန်ဇာမိုးဝင်းက ပြောခဲ့ပါတယ်။

ဘယ်အလုပ်ကိုပဲ ကြိုးစားကြိုးစားတစိုက်မတ်မတ်နဲ့ စိတ်ပိုင်းဖြတ် ပြီး အစဉ်အမြဲတွေးပြီး ကြိုးစားနေရင်အောင်မြင်မှာပါပဲလို့ ညီဖြစ်သူ အဂ္ဂါမိုးဝင်း ကို ဟန်ဇာမိုးဝင်းက ဆုံးမစကားဆိုခဲ့ပါသေးတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here