ဇာတ် မကတော့ပေမယ့် ဂီတပိုင်းကို ဆက်လုပ်သွားမယ့် အဂ္ဂါမိုးဝင်း

0
248

စံပြသဘင်က အဂ္ဂါမိုးဝင်းက ဇာတ်ကပြမှုကိုရပ်နားပြီးတဲ့နောက်မှာတော့ ဂီတနဲ့ပတ်သက်လို့ အဓိကလုပ်ဆောင် သွားမယ်လို့ပြောလာပါတယ်။ သူဝါသနာပါတဲ့ ဂီတနဲ့ပတ်သက်လို့ လုပ်ဆောင်ခွင့်ပေးတဲ့ အစ်ကိုဖြစ်သူဟန်ဇာမိုးဝင်း ကိုလည်း ကျေးဇူးတင်ပါတယ်လို့ သူက ဆိုပါတယ်။ အခုလက်ရှိမှာတော့ သူက ဂီတမိတ်မှာအဆိုသင်တန်း တက်ရောက် နေပြီးဂီတနဲ့ပတ်သက်လို့ သေချာလေ့လာသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ညီအစ်ကို နှစ်ယောက်က ဂီတကိုဝါသနာ ပါကြတာချင်းတူတဲ့အတွက် နောက်ပိုင်းမှာလည်း သူတို့ နှစ်ယောက်က အတွဲစီးရီးခွေထွက်ဖို့အစီအစဉ်တွေလည်း ရှိလို့နေပါတယ်။ ဂီတနဲ့ပတ်သက် လို့ကတော့ တောက်လျှောက်လုပ်ကိုင်သွားမှာဖြစ်ပြီး သူ့အနုပညာတွေကို ပြသမယ့် အချိန်ရောက်တဲ့အထိ ပရိသတ်တွေအနေနဲ့ ခဏလေးစောင့်ဆိုင်းပေးပါလို့လည်း အဂ္ဂါမိုးဝင်းကပြောခဲ့ပါတယ်။

”စိတ်တွေမလောပါနဲ့။ အနုပညာကောင်းရဖို့ဆိုတာ ဝုန်းဒိုင်းကြီး ဖြစ်တာမျိုးမဟုတ်ဘူးလေ။ အချိန်ပေးရတယ်။ ဒါကြောင့် ကျွန်တော့်ကို ခဏလေးစောင့်ပေးပါလို့။ မေ့မသွားကြပါနဲ့” လို့ အဂ္ဂါမိုးဝင်းက သူ့ရဲ့ ပရိသတ်တွေအတွက် ပြောခဲ့ပါတယ်။ ဒါ့အပြင်သူက အစ်ကိုဖြစ်သူဟန်ဇာ မိုးဝင်း၊ ဖိုးချစ်တို့နဲ့အတူတူ အနုပညာတင်ဆက်မှုတစ်ခုပြုလုပ်ဖို့လည်း စီစဉ်နေပါတယ်။ ဒါကတော့ အဂ္ဂါမိုးဝင်းရဲ့ တင်ဆက်မှုမှာ ဟန်ဇာမိုးဝင်းနဲ့ ဖိုးချစ်တို့က ပါဝင်အားဖြည့်ပေးတာပဲဖြစ်ပါတယ်။

”ကျွန်တော်က Main အနေနဲ့တော့ မဟုတ်ဘူး။ အားလုံးက အရေးကြီးပါတယ်။ အားလုံးပေါင်းစပ်ပြီး တင်ဆက်ကြမယ်ပေါ့။ ဗိုးရာနှစ်ခု ပေါင်းတဲ့ဟာမျိုးပဲပေါ့။ အဆန်းတစ်ခုဖြစ်အောင် သဘင်ကိုယ်စားပြုအနေနဲ့ တင်ဆက်ကြမှာပါ။ ထူးခြားတဲ့ အရာတစ်ခုကိုတော့ ခံစားရမှာပါ။ အဲဒါကို ရိုက် ကူးပြီးတော့ အွန်လိုင်းမှာပဲ တင်မယ်ပေါ့လေ။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးကပြကြ မယ့် အမျိုးသားဇာတ်ရုံလို နေရာမျိုးမှာလုပ်တဲ့ပွဲမျိုးဆိုရင်တော့ တင်ဆက်သွားမယ်” လို့ အားလုံးပေါင်းစပ်ကာ တင်ဆက်ကြမယ့် အနုပညာဖျော်ဖြေမှုနဲ့ ပတ်သက်လို့ အဂ္ဂါမိုးဝင်းက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here