ဥပါဒါန် ပရိသတ် ၁ဝ ဦးနဲ့အတူ ဗုဒ္ဓဂယာကို ဘုရားဖူးသွားမယ့် ဒါရိုက်တာ ဗန်းကြီး

0
181

ဒါရိုက်တာ ဗန်းကြီးရိုက်ကူးတဲ့ ‘ဥပါဒါန်’ ရုပ်ရှင်ဇာတ်ကားကို အားပေးခဲ့ကြတဲ့ ပရိသတ်များကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ် ကံထူးရှင်၁ဝ ဦးရွေးချယ်ပွဲကို စက်တင်ဘာလ ၉ရက်နေ့က ရန်ကုန်မြို့၊ Orchid Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ကံထူးရှင် ၁ဝဦး ရွေးချယ်မှု နဲ့ပတ်သက်ပြီး ဒါရိုက်တာဗန်းကြီးက အခုလို ပြောပြခဲ့ပါတယ်။

”ဒီပွဲကတော့ ကျွန်တော့်ရဲ့ တတိယဦးတည်ချက်ပေါ့။ ပထမဦး တည်ချက်ကတော့ ကျွန်တော် ဇာတ် ကားရိုက်ကူးဖို့ ကြိုးစားခဲ့ရတယ်။ အခက်အခဲတွေကြားထဲက ဇာတ်ကား ရိုက်ကူးပြီးသွားတော့ ရုံတင်ပြသဖို့ ကြိုးစားခဲ့ရတယ်။ ဒီဇာတ်ကားကို စပြီးရေးတဲ့ အချိန်ကတည်းက ဒီဇာတ် ကားကြီးအောင်မြင်သွားခဲ့ရင် ဗုဒ္ဓ ဂယာကိုဘုရားဖူးပို့မယ်ဆိုတဲ့ ရည် ရွယ်ချက်က အစကတည်းကရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ရုံပေါ် စတင်ပြသ တဲ့အချိန်မှာ ကျွန်တော်မကြေညာနိုင် ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ပိုက်ဆံမရှိသေးလို့ပါ။ ပရိသတ်တွေ လာရောက်ကြည့်ရှုမလား မကြည့်ရှု ကြဘူးလားလည်း မသိဘူးပေါ့။ ပရိ သတ်တွေ အားပေးကြတဲ့အတွက် ကျွန်တော်ဇာတ်ကား ရုံတင်ပြသမှု စတင်ပြီး တတိယအပတ်မှာ ကြေညာ ခဲ့ပါတယ်။ ရုပ်ရှင်လက်မှတ်တစ်စောင် ကို ကံစမ်းမဲလက်မှတ်တစ်စောင်စီ ပေးပါတယ်။ ကံထူးရှင် ၁ဝ ဦးကို ဗုဒ္ဓဂယာဘုရားဖူးပို့မယ်ဆိုတဲ့ ကြေ ညာချက်အတိုင်း ဒီနေ့မှာကံထူးရှင် ၁ဝ ဦးကိုရွေးချယ်ခဲ့တာပါ”လို့ ဒါ ရိုက်တာ ဗန်းကြီးက ပြောပါတယ်။

‘ဥပါဒါန်’ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ် ဆောင်များထဲမှ တစ်ဦးကိုလည်း ကံထူးရှင်အဖြစ် ရွေးချယ်ခဲ့ရာ သရုပ် ဆောင် ခိုင်ထူးသာက ကံထူးခဲ့ပြီး အားပေးခဲ့ကြတဲ့ ပရိသတ်များထဲမှ ကိုသိန်းခိုင်စိုး၊ ဒေါ်လေးဝါ၊ မခက် ခက်မာ၊ မနေခြည်ဦး၊ မမြင့်မြင့် သီတာဇော်၊ ကိုဇော်နေဦး၊ ဦးလှခိုင်၊ မမြင့်ကြိုင်၊ မနန္ဒအုပ်စိုး၊ မထိုက် ထိုက်ခင်တို့က ကံထူးရှင်များဖြစ်ခဲ့ ကြပါတယ်။

ဗုဒ္ဓဂယာကို ပရိသတ်တွေနဲ့ အတူ ဘုရားဖူးသွားရမယ့်အတွက် အတိုင်းမသိ ဝမ်းသာနေတယ်ဆိုတာ ကိုလည်း ဒါရိုက်တာ ဗန်းကြီးက …

” ဥပါဒါန် ရုပ်ရှင်ဇာတ်ကားကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေနဲ့အတူ ဗုဒ္ဓဂယာကို အတူဘုရားဖူးသွား ရမှာဖြစ်တဲ့အတွက် တအား ဝမ်းသာ နေပါတယ်။ ကျွန်တော်က ဗုဒ္ဓဂယာ ကို တစ်ခါမှ မရောက်ဖူးသေးပါဘူး။ အရင်ကသွားရောက်ဖို့စီစဉ်တိုင်းလည်း ခရီးစဉ်ပျက်ခဲ့ရတယ်။ ငွေရေးကြေးရေး အရလည်း ပါတာပေါ့။ ကျွန်တော့်အ မေကိုလည်း ပို့ချင်တာပေါ့။ အခု ကျွန်တော့်အမေ့ကိုလည်း ခေါ် သွားနိုင်မယ်။ ကျွန်တော်လည်း သွား နိုင်မယ်။ ကျွန်တော်တို့ရဲ့ ပရိသတ် တွေလည်း ပါမယ်ဆိုတော့ အတိုင်းမ သိဝမ်းသာပါတယ်” လို့ ပြောပြခဲ့ ပါတယ်။ အဆိုပါဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ်ဟာ နိုဝင်ဘာ ၂၄ ရက်နေ့မှ ဒီဇင်ဘာ ၈ ရက်နေ့အထိ ၁၄ ည အိပ် ၁၅ ရက် ခရီးစဉ်ဖြစ်ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here