ရီဟားနား ရဲ့ ဟောလိဝုဒ်နေအိမ် တစ်လအတွင်း ဒုတိယအကြိမ်မြောက် ဖောက်ထွင်းခံရ

0
339


ရီဟားနားရဲ့နေအိမ်ဟာ မကြာ သေးမီ သီတင်းပတ်အတွင်းမှာ ဖောက်ထွင်းခံရပြီး အခုဒုတိယအ ကြိမ်မြောက်အဖြစ် စက်တင်ဘာ ၂၅ ရက် ည ၉ နာရီခွဲခန့်အချိန်မှာ အိမ် ထဲအထိ ဖောက်ထွင်းဝင်ရောက်ခံခဲ့ ရတယ်လို့ သတင်းတွေက ဆိုပါတယ်။ အိမ်ထဲက သူခိုးအချက်ပြတဲ့ ခေါင်း လောင်းကလည်း အသံမမြည်ခဲ့ဘူးလို့ ပြောပါတယ်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လာ ရောက်စစ်ဆေးရာမှာတော့ သူခိုး အချက်ပြတဲ့ ခေါင်းလောင်းက အသံ မြည်သလို အချက်ပေး မီးဆလိုက် လည်း ပုံမှန်အတိုင်း ကောင်းနေတာ ကို တွေ့ရတယ်လို့ ဆိုပါတယ်။ အိမ် တွင်းစစ်ဆေးချက်အရတော့ ပစ္စည်း အချို့ခိုးယူသွားတယ်လို့ အတည်ပြု ချက်ပေးပေမယ့် ပျောက်ဆုံးပစ္စည်း အမျိုးအစားနဲ့ ကာလတန်ဖိုးကိုတော့ မထုတ်ပြန်ပါဘူး။ ဖောက်ထွင်းခံရ ချိန်မှာတော့ ရီဟားနားတစ်ယောက် အိမ်မှာရှိမနေခဲ့သလို အလားတူ လုံ ခြုံရေးတွေလည်း တစ်ယောက်မှရှိ မနေဘူးလို့ သိရပါတယ်။

အရင်နှစ်တွေတုန်းကလည်း ရီ ဟန်းနားရဲ့အိမ်ကို ပစ်မှတ်ထားပြီး ဖောက်ထွင်းခိုးယူခံခဲ့ရတာတွေ ကြုံ ခဲ့ရပါသေးတယ်။

Ref: Hollywood Life


LEAVE A REPLY

Please enter your comment!
Please enter your name here