သတ္တိတွေ အများကြီး မွေးပြီး ရိုက်ခဲ့ရတဲ့ဇာတ်ကားအကြောင်းဖွေးဖွေးပြောပြ

0
418

ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားတဲ့ ‘သမ္မတကြီးထံပေးစာ’ ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသခြင်းအခမ်းအနား ကို အောက်တိုဘာလ ၄ ရက်နေ့က Junction City JCGV ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီဇာတ်ကားဟာ ခေတ်ရေ စီးကြောင်းတွေအရ ဖြစ် ပျက်နေတဲ့ တရားရေး၊ ဥပဒေ တွေ မျှတအောင် ဘယ်လိုတွေ လုပ် ဆောင်ရမယ်ဆိုတာကို ပညာပေးဇာတ်ကားအနေနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီ ဇာတ်ကားမှာ ပါဝင်တဲ့သရုပ်ဆောင် တွေကတော့ သရုပ်ဆောင် ဖွေးဖွေး၊ အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ အရိုင်း၊ မေဆူးမောင်တို့က အဓိကပါဝင် သရုပ်ဆောင် ထားပြီး အခြားအနုပညာရှင်များစွာလည်း ပါဝင်သရုပ် ဆောင်ထားပါတယ်။

ဒီဇာတ်ကားမှာရှေ့နေမလေးအနေနဲ့ ရောသတင်းထောက်တစ်ယောက်အနေနဲ့ရောသရုပ် ဆောင်ခဲ့တဲ့ ဖွေးဖွေးက …

”ဖွေးကတော့ ဒီသမ္မတကြီးထံ ပေးစာ ရုပ်ရှင် ဇာတ်ကားမှာ ရှေ့နေ၊ သတင်းထောက် ခက်ခက်ခိုင်အဖြစ် နဲ့ သရုပ်ဆောင်ထားပါတယ်။ ဒီ ဇာတ်ကားမှာပိုပြီးတော့ ဘာကိုရင် ခုန်လဲဆိုရင် ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်း စဖတ်တဲ့အချိန်ကတည်းက ဇာတ်ညွှန်းတွေရဲ့ စကားလုံး တွေ အကုန်လုံးက ဟိုးအရင်တုန်းက ဆင် ဆာမရခဲ့တဲ့ စကားလုံးတွေ တော် တော်များများပါလို့ပါ။ အဲဒီအတွက် ဖွေး ဒီဇာတ်ကားကို ရိုက်တဲ့အခါမှာ အဲဒီစကားလုံးတွေကို ပြောနိုင်ဖို့ ဒီ ကာရိုက်တာ ပီပြင်ဖို့ သတ္တိတွေ အများကြီး ပေးပြီး ရိုက်ကူးခဲ့ရပါ တယ်။ သတ္တိဆိုတဲ့နေရာမှာ ဖွေးသိ ထားတဲ့ သတ္တိတွေအကြောင်းပြောပြရမယ်ဆိုရင် အမေစု ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ သတ္တိဆိုတာ လုံးဝ မွေးကတည်းကနေမကြောက်တာမဟုတ်ဘူး။ အဲဒီလို ကြောက်ကြောက် လန့်လန့်နဲ့ပဲ လုပ်သင့်တာဖြစ်သင့်တာ ပြောရဲဆိုရဲတာကိုသတ္တိလို့ခေါ်တယ်။ အဲဒီအတွက် ဖွေးသတ္တိ တွေ အများကြီးမွေးပြီး ကြိုးစားထားပါတယ်။ ”လို့ ပြောပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here