ပရိသတ်တွေအတွက် တစ်ကိုယ်တော်စီးရီးခွေအသစ်စီစဉ်နေတဲ့အဆိုတော် Rဇာနည်

0
131

သီချင်းတွေကို အသံအား ကောင်း ကောင်းနဲ့ အားပါးတရသီဆိုတတ်မှု ကြောင့် ပရိသတ်အားပေးမှုကို ယနေ့ထက် တိုင် အပြည့်အဝရရှိထား သူကတော့ အဆိုတော် R ဇာနည်ပါ။ သူ့ရဲ့ ထွက်ရှိပြီး သား တေးစီးရီးတွေဟာပရိသတ် အကြိုက် နဲ့ ထပ်တူကျခဲ့သလိုလတ်တ လောမှာလည်း သီချင်းသစ်တွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်အတွက် တေးစီးရီးအသစ်တစ် ခွေ စီစဉ်နေကြောင်းအဆိုတော် R ဇာနည် က အခုလို ပြောပြခဲ့ပါတယ်။

”သီချင်းခွေလုပ်နေပါတယ်။ တီးနေ ပါတယ်။ သီဆိုဖို့က နည်းနည်း ကျန်နေ သေးတယ်။ သီချင်းလေး တစ်ပုဒ်လောက် ကျန်သေးလို့။ စောင့်နေတာပါ။ အခုက တော်တော်လေး ပြီးနေပြီဆိုတော့ အစ်ကို ထင်တယ်။၊ ဒီနှစ်ကုန် ဒါမှမဟုတ် နောက်နှစ်ဆန်း လောက် ထွက်ဖို့ မှန်းထား ပါတယ်။ သီချင်းလေးတွေကတော့ ပုံမှန်ပါ ပဲ။ အစ်ကိုဆိုနေကျ ပုံစံလေး တွေပေါ့။ တင်ပေးမှာပါ။ အခွေထွက်လာလို့ ရှိရင် အွန်လိုင်းပေါ်လည်း တင်ပေးဖို့ ရှိပါတယ်။ အွန်လိုင်းတင်ဖို့လည်း အခွေထွက်တာနဲ့ တစ်ချိန်တည်းလောက် ဖြစ်မှာပါ။ အခွေထွက်တာရော၊ အွန်လိုင်းတင်တာ ရောပေါ့။ သီချင်းခွေနာမည်တော့ လော လော ဆယ်မပေးရသေးပါဘူး။ စဉ်းစားနေ တုန်းပါပဲ။ ဒီအခွေနဲ့ ပတ်သက်ပြီး ကျေနပ် အားရမှုကတော့ အခုအစ်ကိုရထား တဲ့ သီချင်းတွေကို ကြိုက်တယ်။ ဒါ ပေမဲ့ ပရိသတ်ကို ချပြဖို့ဆိုရင်တော့ ၉၉ % လောက်ပဲ ရှိသေးတော့ ၁ % လောက် လိုသေးတာပေါ့။ အဲဒါကြောင့်လည်း အခု ကြိုးစားပြီး လုပ်ကိုင်နေပါတယ်။ အစ်ကို က သီချင်းတွေကိုလည်း သူများကို အပ် တယ် ဆိုတော့ အတီးပိုင်းဆိုင်ရာတွေကို လည်းပြင်ပြင်ဆင်ဆင်လေးလုပ်နေ ပါ တယ်” လို့ သူကပြောပါတယ်။

လက်ရှိခေတ်ကာလ အနေအ ထားမှာ သီချင်းခွေထွက်ရှိပြီး မကြာ ခင်မှာပဲ သီချင်းတွေ အွန်လိုင်းပေါ် ရောက်သွားကြတဲ့အတွက် မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဆုံးရှုံးနစ်နာမှုတွေ ရှိနေပါ တယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို မေးမြန်း ကြည့်တော့ …

”မူပိုင်ခွင့်နဲ့ပတ်သက်တာတွေ ကို ပိုပြီးသိဖို့ လိုအပ်တာပေါ့နော်။ အဲဒါတွေကို ပိုပြီးတော့ လေ့လာရဦး မယ်။ ဒီလိုကိစ္စတွေ က ကမ္ဘာအနှံ့ ဒီ လိုပဲရင်ဆိုင် နေရတာ ဖြစ်တဲ့အတွက် ဘာမှထွေထွေ ထူးထူး ပြောစရာ မရှိ ပါဘူး။ သူများနိုင်ငံ တွေမှာ လို သီချင်းတစ်ပုဒ်ရဲ့ အကျိုး ခံစားခွင့်ကိုပဲ ကRန်တော်တို့နိုင်ငံမှာလည်း အနီးစပ် ဆုံးဖြစ်အောင် ညှိနှိုင်းရမှာပဲ”လို့အဆို တော် R ဇာနည်က ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here