ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲဆိုတဲ့ တင်မောင် ဆန်းမင်းဝင်း

0
260

တင်မောင်ဆန်းမင်းဝင်းက ဇာတ်သဘင်ပိုင်းမှာလည်း အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ် သလို အိမ်ထောင်ရေးပိုင်းမှာလည်း အိမ်ထောင်ဦးစီးတာဝန်ကျေပွန်တဲ့ ခင်ပွန်းတစ်ယောက်ဖြစ်ပါ တယ်။ သူဟာအနုပညာကိုလည်း ချစ်သလို သူ့မိသားစုကိုလည်း ချစ်မြတ်နိုးတဲ့သူတစ်ယောက်ပါ။

အခုဆိုရင်တင်မောင် ဆန်းမင်းဝင်းနဲ့ မအေးမမလှိုင်တို့ရဲ့ အိမ်ထောင်သက်တမ်းက ၉ နှစ် ကျော်ခဲ့ပြီဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့သားလေးမင်းရွှေရောင်တင်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သို့ပေမဲ့လည်း သူက မိသားစုကိုလည်းချစ်သလို ပရိသတ်ကိုလည်း ချစ်ပါတယ်ဆို တဲ့သူက –

”ဘိုးဘိုးရွှေမန်းတင်မောင်ကတော့ ရှေ့ဆောင်လမ်းပြပေါ့။ ဘိုးဘိုး ပေးခဲ့တဲ့ ဇာတ်ခုံပေါ်မှာကပြနေတာပါ။ ကပြပြီးရင် ထမင်းစားကြမယ်။ ထမင်းကဘယ်သူကျွေးမှာလဲဆိုတော့ ပရိသတ်ကကျွေးမှာလေ။ အဲဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ ပရိသတ်ကို အဓိကတန်ဖိုးပို ထားပါတယ်။ ကျွန်တော့်မိသားစုဖူလုံရေးကလည်း ပရိသတ် ကပဲ ကျွေးမှာဖြစ်တဲ့အတွက်ကြောင့်လေ။ ကျွန်တော်ကတော့ အဲဒီလိုပဲခေါင်းထဲထည့်ထားတယ်။ အဲဒီလိုစိတ်မျိုးကို အဖွဲ့ သားတွေကိုလည်း ထည့်ခိုင်းသလို မိသားစုကိုလည်း ထည့် ခိုင်းထားတယ်။ ကျွန်တော့်အမျိုးသမီးရဲ့ ပံ့ပိုးမှုတွေလည်း အများကြီးပါပါတယ်” လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပြပါတယ်။ သူတို့ဇနီး မောင်နှံနှစ်ယောက်က တစ် ယောက်နဲ့တစ်ယောက် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပါပဲလို့ ရယ်မောရင်းပြောလာတဲ့ တင်မောင်ဆန်းမင်းဝင်းက ဇနီး ဖြစ်သူနဲ့ သားဖြစ်သူကိုလည်း အမြဲတမ်းပျော်အောင်ထားတတ် သူပါ။ ”အိမ်ထောင်ရေးတစ်ခုကို သူလည်းမကွဲချင်သလို ကိုယ် လည်းမကွဲချင်ဘူး။ ဘယ်အိမ်ထောင်ရေးမှ ကွဲချင်ကြမှာမဟုတ် ပါဘူး။ ကျွန်တော့်ရဲ့ အဓိက လူက ပရိသတ်ဆိုတာ သူသိသွားတဲ့ အခါကျတော့ အဆင်ပြေသွားပါ တယ်” လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here