မကြာခင်ရိုက်ကူးတော့မယ့် Call ဇာတ်ကားမှာ မင်းသမီး Park Shin Hye နဲ့ Jeon Jong Seo တို့ပါဝင်မယ် လို့သိရပါတယ်။Call ဇာတ်ကားမှာ အဓိကမင်းသားမပါဝင်ဘဲ မင်းသမီးနှစ်ယောက်ကပဲ အဓိကပါဝင်သွားမှာပါ။
သူတို့နှစ်ဦးဟာ မတူညီတဲ့ အချိန်နှစ်ခုမှာ နေထိုင်နေရင်း ဖုန်းလက်ခံရရှိပြီး ဘယ်လိုတွေ ဆက်သွယ်သွားမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။
မင်းသမီး Jeon Jong Seo က Burningဇာတ်ကားနဲ့ နာမည်ရလာသူတစ်ဦးပါ။
ယခုဇာတ် ကား မှာနောက်တစ်ချိန်မှာ သူ့ထံကျရောက်မယ့် အန္တရာယ်ကို တားဆီး သွားမှာဖြစ်သလို မင်းသမီး Park Shin Hye ကလည်း အန္တရာယ် ကျရောက်တော့မယ့် Young Sook ကိုဘယ်လိုကယ်တင် သွားမယ်ဆိုတာစိတ်ဝင်စားစရာပါပဲ။
ဒါရိုက်တာ Lee Choong Hyun ရဲ့ ပထမ ဆုံးဇာတ်ကားဖြစ်ပြီး ၂ဝ၁၉ ခုနှစ်အတွင်းစတင်ပြသသွားမယ်လို့ သိရပါတယ်။