ဟန်လင်းသန့်ကို နှမြောတယ်မေမြင့်မိုရ်

0
470

ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် အားပေးမှု အခိုင်အမာရရှိထားတဲ့ မေမြင့်မိုရ်အတွက် ‘မှော်ကျောက်စာ’ ရုပ်ရှင်ဇာတ်ကားကြီးက ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားဖြစ် သလို ရာဇဝင်မင်းသမီးတစ်ဦးအနေ နဲ့ဝတ်ဆင်ပြီး သရုပ်ဆောင်ရတာဖြစ် တဲ့အတွက်လည်း အမှတ်တရဖြစ်ရ တယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားကို လွန်ခဲ့တဲ့ ၄ နှစ်က ရိုက်ကူးခဲ့တာ ဖြစ်ပြီး ကွာခြားမှုတွေ ရှိခဲ့တယ်လို့ ဆိုတဲ့ မေမြင့်မိုရ်က …

”အခုပြသတဲ့အချိန်နဲ့ ရိုက်ကူးခဲ့ တဲ့အချိန်က နည်းနည်းလေးဟတယ်။ ပထမဦးဆုံးဇာတ်ကားဆိုတော့ လို အပ်ချက်တွေလည်း ရှိမယ် ထင်ပါ တယ်။ ရုပ်ကလည်း နည်းနည်းကွာ သွားသလိုပဲ။ ဇာတ်ကားရိုက်ကူး တုန်းက ၁၈ နှစ် လောက်ပဲ ရှိသေး တယ်။ မိတ်ကပ်ပိုင်းတွေလည်း နည်းနည်း ကွာသွား မယ် ထင်ပါ တယ်” လို့ပြောပါတယ်။ မေမြင့်မိုရ်က ဇာတ်ကားရိုက်ကူးမှု မှာတော့ ကံကောင်းတယ်ဆိုရမှာပါ။ ရိုက်ကူးရ တဲ့ ဇာတ်လမ်းတွေမှာ မင်းသမီး ဇာတ်လမ်းကို ဦးစားပေးတဲ့ ဇာတ် ကားတွေကို အများဆုံးရိုက် ကူးရပါ တယ်။ အခုရုံတင်ပြသနေတဲ့ ‘မိုးပန်း ပွင့်ရဲ့ သင်္ကေတ’ ရုပ်ရှင် ဇာတ်ကား မှာလည်း ခေါင်းဆောင် မင်းသမီး အနေနဲ့ ပါဝင်သရုပ်ဆောင် ထားသူ ပါ။ သူ့အတွက် စိတ်ဖိစီးမှုတွေ ပိုများ ရတယ်လို့ဆိုတဲ့ မေမြင့်မိုရ်က …

”ကံကောင်းမှုနဲ့အတူ စိတ်ဖိစီး မှုတွေလည်း အများကြီးရပါတယ်။ ညီမဆီလာတဲ့ ဇာတ်ကားတွေအား လုံးကို အမြဲတမ်းကြိုးစားပြီး သရုပ် ဆောင်တယ်။ ကိုယ်မသိရင် ဇာတ် ညွှန်းကို သေချာဖတ်ပြီး ဒါရိုက်တာကို အမြဲတမ်းမေးဖြစ်တယ်။ ဘယ်လို လေး သရုပ်ဆောင်မလဲ ဆိုတာ တိုင် ပင်ဖြစ်တယ်။ ကိုယ့်ဆီလာတဲ့ ဇာတ် ကားတွေကို တာဝန်ကျေအောင် သရုပ်ဆောင်ဖြစ်ပါတယ်”လို့ ပြောပါ တယ်။

‘မိုးပန်းပွင့်ရဲ့ သင်္ကေတ ‘ ရုပ် ရှင်ဇာတ်ကားမှာ မေမြင့်မိုရ်နဲ့အတူ တွဲဖက်သရုပ်ဆောင်တဲ့ ဟန်လင်း သန့်က အနုပညာအလုပ်တွေ မလုပ် ဖြစ်တော့ပါဘူး။ အနုပညာမောင်နှမ တွေဖြစ်တဲ့ ဟန်လင်းသန့်နဲ့ပတ်သက် ပြီး မေမြင့်မိုရ်က …

”ကိုဟန်လင်း သန့်နဲ့က မိုးပန်းပွင့်ရိုက်တုန်းကလည်း အမှတ်တရရှိတယ်။ ဒီအနုပညာ အ လုပ်စတင်လုပ်ကိုင်ကတည်းက အတူ တူလုပ်ခဲ့တာဆိုတော့ အနုပညာ အ လုပ်မလုပ်တော့ဘူးဆိုတော့ နှမြော လည်းနှမြောတယ်။ သတိလည်း ရပါတယ်။ အနုပညာအလုပ်တွေ ပြန်တော့ လုပ်စေချင်တာပေါ့။ ညီမ တို့က အနုပညာမောင်နှမတွေ အမြဲ တမ်းလည်း ဆုံနေကျဆိုတော့ သက် သက်ကြီး တိုင်ပင်စရာမလိုဘူး။ ညီမ သရုပ်ဆောင်တာလည်း သူသိနေ တယ်ဆိုတော့သရုပ်ဆောင်ရတာ လည်းအဆင်ပြေပါတယ်” လို့ ပြော ပါတယ်

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here