မေတ္တာသင်္ဂဟအဖွဲ့က ရုပ်ရှင်၊ ဂီတနှင့် သက်ကြီးသတင်းစာ ဆရာများအတွက် အလှူငွေ ကျပ်သိန်း ၄ဝ လှူဒါန်း

0
206

မေတ္တာသင်္ဂဟအဖွဲ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသက်ကြီး ပူဇော်ပွဲ အတွက် အလှူငွေ ကျပ်သိန်း ၂ဝ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး သက်ကြီး ပူဇော်ပွဲအတွက် အလှူငွေ ကျပ် ၁ဝ သိန်း၊ မြန်မာနိုင်ငံ သက် ကြီးသတင်းစာ ပညာရှင်များပူဇော် ပွဲအတွက် အလှူငွေ ကျပ် ၁ဝ သိန်း တို့ကိုအောက်တိုဘာ ၃ရက်နေ့ မနက် ၁ဝ နာရီက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် လှူဒါန်းခဲ့ ကြသည်။

မေတ္တာသင်္ဂဟအဖွဲ့၏ အလှူနှင့်ပတ်သက်ပြီး ဥက္ကဋ္ဌဖြစ်သူ သရုပ် ဆောင် ခန့်စည်သူက …

”ကျွန်တော်တို့ မေတ္တာသင်္ဂဟရဲ့ ၆၇ နှစ်မြောက် အလှူပါ။ ခါတိုင်းဆို ရင် ရုပ်ရှင်သက်ကြီးပူဇော်ပွဲနီးရင် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် လှူ ဖြစ်ကြပါတယ်။ ဒီတစ်ခေါက်ကတော့ အားလုံးတိုင်ပင်ပြီးတော့ မြန်မာနိုင်ငံ သက်ကြီးပူဇော်ပွဲအတွက်ရော၊ မြန်မာနိုင်ငံ ဂီတသက်ကြီးပူဇော်ပွဲအ တွက် ရော၊ သက်ကြီးသတင်းစာ ပညာရှင်များ ပူဇော်ကန်တော့ပွဲ အတွက်ပါ လှူဒါန်းနိုင်ခဲ့ပါတယ်။ စုစုပေါင်း ကျပ်သိန်း ၄ဝ လှူဒါန်း ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ်ကနေ ၆၇ ကြိမ်မြောက်အထိ လှူဒါန်းထားတဲ့ အလှူတွေ ပေါင်းလိုက်ရင် ကျပ်သိန်း ပေါင်း ၂၇၉၈သိန်း ရှိပါပြီ”ဟု ပြောပြခဲ့ပါသည်။

ထိုသို့ လှူဒါန်းရသည့်အတွက် ပီတိစကားသံကိုလည်း ထွန်းအိန္ဒြာ ဗိုက

”လှူဒါန်းရတိုင်းကတော့ ဝမ်းမြောက် ဝမ်းသာရှိပါတယ်။ တခြား နေရာ တွေ လှူရတဲ့အချိန်မှာလည်းကရုဏာသက်စရာတွေရှိတယ်။ ဝမ်း မြောက်စရာ တွေရှိတယ်။ ဂုဏ်ယူ စရာတွေရှိတယ်။ ဒါကျတော့လည်း ကိုယ့်အချင်းချင်း လှူဒါန်းရတော့ ပျော်စရာတွေရှိပါတယ်။ ခံစားမှုက တော့ ဝမ်းမြောက်မှုကို အခြေခံတဲ့ခံစားမှုမျိုးပါပဲ” ဟု ပြောပြခဲ့သည်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here