အနုပညာကို ဝါသနာပါပေမယ့် ပညာရေးဘက်ကိုပဲ ဦးစားပေးနေတဲ့စံထိပ်ထားဦး

0
203


စံထိပ်ထားဦးက အသက်ငယ်ရွယ်ပေမယ့်လည်း မိဘအပေါ် သိတတ်နား လည်သူလေးပါ။ မိခင်ဖြစ်သူ ခိုင်သင်းကြည်ရဲ့ မွေးနေ့မှာလည်း ကြော်ငြာရိုက် ကူးတုန်းက ရရှိတဲ့ အနုပညာကြေးကို စုပြီး မွေးနေ့လက်ဆောင်ဝယ်ပေးခဲ့ပါ တယ်။ စံထိပ်ထားဦးက အရင်ကလည်း မိခင်အတွက် အနုပညာကြေးတွေနဲ့ အမှတ်တရလက်ဆောင်လေးတွေ ဝယ်ပေးလေ့ရှိပါတယ်။ အမေဖြစ်သူက အနုပညာအလုပ်တွေကို ပင်ပင်ပန်းပန်းလုပ်ကိုင်ရပြီး သူ့ကို ထောက်ပံ့ပေး နေတာဖြစ်တဲ့အတွက် အမြဲတမ်းပျော်ရွှင်နေစေချင်တယ်လို့လည်း စံထိပ် ထားဦးက ဆိုပါတယ်။

”မေမေ့ကို ထိပ်ထိပ်ပျော်ပဲ ပျော်စေချင်တယ်။ မေမေက ထိပ်ထိပ် အတွက်လည်း အများကြီး ပင်ပန်းခဲ့ပြီးသွားပြီ။ ရုပ်ရှင်ရိုက်လို့ရှိရင် နေပူထဲမှာ ရိုက်ရတာ တအားပင်ပန်းတယ်။ အပူဖုတွေတောင် ထတယ်။ ပုဂံမှာရိုက်ရတာ တအားပူတာ။ ဆက်တင်ဆင်ထား တဲ့နေရာက နေပူကျဲတဲထဲမှာ ဆင်ထားတာဆိုတော့ တအားပူ တယ်။ မေမေ့မှာ ယပ်တောင်ပဲ အမြဲခတ်နေရတာ။ မေမေ ထိပ်ထိပ်အတွက် ပိုက်ဆံရှာနေရတာ တော်တော်လေး ပင်ပန်း တယ်။ သနားတောင် သနားတယ်။ တစ်ခါတလေကျရင် မလုပ်ပါနဲ့တော့လို့ပြောရင် မလုပ်ရင် နင့်ကို ဘယ်လိုကျောင်း ထားမလဲတဲ့။ မေမေတင် မဟုတ်ပါဘူး ဖေဖေလည်း အရမ်း ကြိုးစားပါတယ်” လို့ သူ့အတွက် မိဘနှစ်ပါးစလုံးက ကြိုး စားနေကြတဲ့အကြောင်း ပြောပြပါတယ်။ စံထိပ်ထားဦးက သရုပ်ဆောင်ရတာကို ဝါသနာပါသူပါ။ ရုပ်ရှင်ဇာတ်ကား တွေ ရိုက်ကူးဖို့ လာကမ်းလှမ်းတာတွေရှိပေမယ့်လည်း ကျောင်းစာတစ်ဖက်နဲ့မို့ ဇာတ်ကားရိုက်ကူးဖို့ လောလော ဆယ်မှာ အစီအစဉ်မရှိသေးပါဘူး။ ”ထိပ်ထိပ်လည်း ကျောင်းစာရှိသေးတော့ အခု လောလောဆယ်မှာတော့ မရိုက်ချင်သေးပါဘူး။ စာမှာ လည်း မအောင်မြင်၊ အနုပညာမှာလည်း မအောင်မြင်ဆိုရင် မကောင်းဘူးလေ။ စာကတော့ ကိုယ့်ရဲ့ရှေ့ရေး အတွက် သေချာတယ်။ အနုပညာမှာက မေမေပြောဖူးတယ်။ ကံ၊ဥာဏ်၊ စန်း၊ ဝီရိယလိုတယ်။ ဒီ ၄ ခု ပြည့်မှ အောင်မြင် တဲ့အနုပညာရှင်ဖြစ်မယ်လို့ ပြောတယ်။ အဲဒီ ၄ ခုထဲက တစ်ခုခုလိုနေရင် မဖြစ်နိုင်ဘူးလေ။ ဖြစ်နိုင်တာက စာပဲဆို တော့ စာကိုပဲ အရင်လုပ်နေပါတယ်” လို့ စံထိပ်ထားဦးက ပြောပါတယ်။

 

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here