မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားနှင့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြုလုပ်မည်

0
152

၉၈ ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့အခမ်းအနားနှင့် ၅၅ ကြိမ်မြောက်ဖြစ် လာမည့် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ၌ အောက်တိုဘာ ၁၃ ရက်နေ့ နံနက် အစောပိုင်း တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ဒု-ဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။

”လက်ရှိမှာတော့ သက်ကြီးဘိုး ဘွားတွေအတွက် ဆေးဝါးအလှူတွေ၊ ငွေကြေးအလှူငွေတွေနဲ့ လှူဖွယ်ပစ္စည်းတွေကို လက်ခံနေဆဲပါ။ လာ ရောက်လှူဒါန်းသူတွေလည်း အင်မ တန်များပါတယ်။ ဒီနှစ်မှာ သက်ကြီးဘိုးဘွား စာရင်းက ၁၇ဝ ဦးရေ အထိ ခန့်မှန်းရှိပါတယ်။ ဘာလို့လဲဆိုရင် ဘိုးဘွား တွေထဲက နှစ်စဉ် ဘိုးဘွားဆယ်ဦးလောက် ဆုံးပါးလျက် ရှိနေတယ်။ ဆိုင်ခန်း တွေလည်း ဒီနှစ်မှာ များပါမယ်။ မနှစ်ကထက်ပိုမို စည်ကားတဲ့ မြန်မာ့ရုပ်ရှင် နေ့နဲ့ သက်ကြီးပူဇော်ပွဲ အခမ်းအနား ဖြစ်လာမှာပါ”ဟု ဒု-ဥက္ကဋ္ဌ ဦးအေးကြူ လေးက ပြောသည်။

လာမည့် နှစ်နှစ်အတွင်း ရောက်ရှိလာမည်ဖြစ်သော မြန်မာ့ ရုပ်ရှင် နှစ် ၁ဝဝ ပြည့်အတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိနေကြောင်း ဦးအေးကြူလေးက အရိပ်အမြွက် ဆက်ဆိုပါသေးသည်။

လွန်ခဲ့သည့် တစ်နှစ်ကျော် ၉၆ ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့အထိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တည်ရှိရာ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ ရုပ်ရှင်ရိုက်ကူးရေး ခန်းမကျယ်ကြီးအတွင်းတွင် ပြုလုပ်ခဲ့ပြီး ၉၇ ကြိမ်မြောက် ရုပ်ရှင်နေ့အခမ်းအနားနှင့် ၅၄ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်း အနားကို နှင်းဆီကုန်း ဘိုးဘွားရိပ်သာတွင် ပြုလုပ်ခဲ့သည်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here