မင်းသားတစ်ယောက်ရဲ့ ဇနီးသည်ဖြစ်ရတာ နားလည်မှု ပိုပေးရတယ်မအေးမမလှိုင်

0
129

အနုပညာရှင်တစ်ယောက်ရဲ့ ပါရမီဖြည့်ဖက်ဖြစ်ရတာ တခြားလူတွေထက်ပိုပြီးတော့ နားလည် ခွင့်လွှတ်ပေးရတယ်လို့ တင်မောင်ဆန်းမင်းဝင်းရဲ့ဇနီး မအေးမမလှိုင်က ပြောပြပါတယ်။ အိမ်ထောင်သည် ဘဝစစချင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းရတာမျိုးတွေရှိပေမယ့် သားလေးရလာပြီးတဲ့ နောက်ပိုင်းမှာတော့ နှစ်ယောက် ကြားမှာ နားလည်မှုတွေပိုရှိလာတယ်လို့ မအေးမလှိုင်က ပြောပါတယ်။

”အစ်မတို့အိမ်ထောင်ကျခါစက တအားရုန်းကန်ခဲ့ရတယ်။ပြီးတော့ ကိုဆန်းမင်းက ဘယ်တော့မဆိုပရိသတ်ကို အပြုံးပဲပြချင်တာ။ သူ့ကိုကြည့်လိုက်တိုင်း အစ်မအနေနဲ့လည်း ပြုံးဖြစ်လာတယ်။ သူဒီလို နေတာ အဖြစ်သင့်ဆုံးပဲ ဆိုပြီး အစ်မအနေနဲ့လည်း စိတ်ကိုထားတတ် လာတယ်။ အစ်မရုန်းကန်ခဲ့ရတဲ့ အချိန်တုန်းက သောကတွေများ ခဲ့ရတယ်။ သောကတွေများခဲ့တော့ အဲဒီသောကတွေကို ငါတို့နှစ် ယောက်က ရင်ဆိုင်ရမယ်။ ရင်ဆိုင်နိုင်တဲ့စိတ်ကိုလည်း မွေးရမယ် ဆိုတဲ့စိတ်တွေ ဖြစ်သွားတယ်။ လောကဓံကြီးကို ခံရင်းခံရင်းနဲ့ ဒါတွေဟာ အပျော်ပဲဆိုပြီးတော့ နှစ်ယောက်လုံးက ကျင့်သုံး ပြီး ပျော်ပျော်ပဲနေတတ်ခဲ့ကြတယ်။ အတူတူရင်ဆိုင်ဖြေ ရှင်းမှ ရမယ်ဆိုတဲ့အနေအထားမျိုးသိသွားတဲ့ အခါ ကျတော့ နှစ်ယောက်သားက နေတတ်သွားတာ ပေါ့” လို့ သူတို့အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မအေးမမလှိုင်က ပြောပြခဲ့ပါတယ်။

သူက ခင်ပွန်းသည်အနေနဲ့ အနုပညာပိုင်းဆိုင်ရာမှာ အားစိုက်နိုင်ဖို့အတွက် မအေးမမလှိုင်က ပွဲတွေ စီစဉ်တဲ့အပိုင်းမှာ ဦးစီးပြီးလုပ်ဆောင်ပေးနေ ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here