ဂရမ်မီ ငါးဆုရှင် အယ်လ်တန်ဂျွန်ရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားနမူနာပြသ

0
153

အဆိုတော်ကြီး အယ်လ်တန်ဂျွန် ရဲ့ အတ္တုပ္ပတ္တိကို ရိုက်ကူးထားတဲ့”Rocketman ” ဇာတ်ကားနမူနာကို အောက်တိုဘာလ ၁ရက်နေ့က ပြသခဲ့တယ်လို့ သိရပါတယ်။

ထူးထူးခြားခြားဂရမ်မီ ငါးဆုရှင်အယ်လ်တန်ဂျွန်ရဲ့ အတ္တုပ္ပတ္တိရုပ် ရှင်ဇာတ်ကား မှာ မင်းသား Taron Egerton က ဂီတသမားတစ်ယောက် အဖြစ် ခေါင်းဆောင် ပါဝင်ရိုက်ကူးထားပြီး ဟောလိဝုဒ်အကျော်အမော် တွေဖြစ်တဲ့ Bryce Dallas Howard၊ Jamie Bell နဲ့ Richard Madden တို့ ပါဝင်သရုပ်ဆောင်ပေးထားတာ ဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ်မှာ ဂီတလောကထဲကို စတင်ဝင်ရောက် လာတဲ့ အယ်လ်တန်ဂျွန်ဟာ ဂန္တဝင် ရော့ခ်ဂီတအဖွဲ့ဖြစ်တဲ့ ဘီးတဲလ်အဖွဲ့ နဲ့ မက်ဒေါနားတို့ ပြီးရင် တတိယ မြောက် အအောင်မြင်ဆုံးလူအဖြစ် ကမ္ဘာ့စင်မြင့်ထက်မှာ နေရာရထား သူပါ။ သူ့ရဲ့ ဂီတအရှိန်အဝါကို တစ် ဆင့်မြှင့်ပေးလိုက်တဲ့ သီချင်းတစ်ပုဒ် ကတော့ တစ်ကမ္ဘာလုံး မျက်ရည် မဆည်နိုင်ဖြစ်ခဲ့ရတဲ့ မင်းသမီး လေဒီ ဒိုင်ယာနာ ရုတ်တရက်သေဆုံးသွား တဲ့အတွက် ဝမ်းနည်းစွာ သီဆိုထား တဲ့…

”လေထဲက ဖယောင်းတိုင်”လို့ မြန်မာလို အမည်ရတဲ့ သီချင်းပဲဖြစ် ပါတယ်။အခုအစမ်းပြသခဲ့တဲ့ ”Rocketman” ဇာတ်ကားကို ၂ဝ၁၉ ခုနှစ် မေလ ၃၁ ရက်နေ့မှာ စတင်ရုံတင် ပြသမယ်လို့သိရပါတယ်။

Ref:CNN


LEAVE A REPLY

Please enter your comment!
Please enter your name here