အိမ်ထောင်ဦးစီးမရှိတဲ့ အမျိုးသမီးတွေအတွက် ကူညီထောက်ပံ့နေသူခိုင်နှင်းဝေ

0
245

အနုပညာအလုပ်နဲ့ မအား လပ်တဲ့ကြားထဲက ပရဟိတလုပ်ငန်း တွေအတွက် အချိန်ပေးပြီး လုပ် ဆောင်ဖြစ်နေတာကတော့ သရုပ် ဆောင် ခိုင်နှင်းဝေပါ။ အောက်တို ဘာလ ၄ရက်နေ့တုန်းကလည်း ယောက်ျားမရှိဘဲ တစ်ဦးတည်း ရပ်တည်လျက်ရှိတဲ့ ဒေါ်သင်းသင်း မော်၊ ဒေါ်ယဉ်မာလှိုင်၊ ဓား စန်းရီတို့ အတွက် လိုအပ်တာတွေကို ရွှေပြည်သာမြို့နယ်အထိ သွား ရောက်လှူဒါန်းခဲ့ပါတယ်။ အလှူအ တန်းတွေ အမြဲလုပ်ဖြစ်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်တဲ့အခါ ခိုင်နှင်းဝေက အခုလို ပြောပါတယ်။

”မျှော်လင့်ချက်မဲ့နေတဲ့ အိမ် ထောင်ဦးစီးမရှိတဲ့ အမျိုးသမီးတွေ၊ သားသမီးတွေနဲ့ တစ်ကိုယ်တည်း ရပ်တည်လျက်ရှိတဲ့ အမျိုးသမီးတွေ၊ သားသမီးကျောထောက်နောက်ခံမ ရှိတဲ့ အဘိုး၊အဘွားတွေကို အနာ ဂတ်ဘဝလှပဖို့အတွက် အစ်မလိုက် ပြီးတော့ လှူဖြစ်တာပါ။ ဒီလမှာတော့ အစ်မ အိမ်ထောင်စုသုံးခုကို လှူဖြစ် တယ်။ သူတို့တွေ ရေရှည်ဘဝရပ် တည်နိုင်အောင် ဈေးဆိုင်တည်ဖို့အ တွက်လိုအပ်တဲ့ အိမ်ထောင်စုတစ်စု ကို ငါးခြောက်၊ ငါးခြမ်းတွေ၊ နောက် အိမ်ထောင်စုတစ်စုကို ကိုရီးယား အကင်ရောင်းဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ၊ နောက်ထပ်အိမ် ထောင်စုတစ်စုကို အဝတ်အစားတွေ အစ်မလှူဒါန်း ခဲ့တယ်။ အရင်လက လည်း သာကေတဘက်မှာ အဘိုး တစ်ယောက် လေဖြတ်သွားတာ သားသမီးကျောထောက်နောက်ခံ မရှိတဲ့ အိမ်ထောင်စုအဘိုးအိုကို အစ်မတို့ သွားလှူဖြစ်တယ်”လို့ ခိုင်နှင်းဝေက ပြောပြပါတယ်။ ဒါ့ အပြင် ခိုင်နှင်းဝေက ဓားစန်းရီကို လည်း ငွေလှူဒါန်း ဖြစ်ခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here