Shakespeare in Love ဇာတ်ကား သရုပ်ဆောင် ဂွင်းန်နက် ပယ်ထရို လက်ထပ်မင်္ဂလာပွဲ ကျင်းပ

0
171

ရွှေကမ္ဘာလုံးဆုရှင် အမေရိကန် မင်းသမီး ဂွင်းန်နက်ပယ်ထရိုရဲ့ မင်္ဂ လာသတင်းက ရုတ်တရက်ထွက်ပေါ် လာခဲ့ပါတယ်။ တကယ်တော့ အင်မ တန်ရိုးရှင်းပါတယ်။ ရုပ်သံထုတ်လုပ် သူဘရက်ဖလက်ချခ်နဲ့ အောက်တို ဘာလ ၁ရက်နေ့ကလက်ထပ် လိုက်တာ ပဲဖြစ် ပါတယ်။ ဘာအခမ်း အနားမှ ကြီးကြီးကျယ်ကျယ်မလုပ်ဘဲ ဂွင်းန် နက်ပယ်ထရိုက သူနေထိုင်ရာ အိမ်မှာပဲ လက်စွပ်လဲပြီး လက်ထပ် လိုက်ကြတာပါ။

လက်ထပ်တဲ့နေ့မှာ ရိုးရိုးရှင်း ရှင်းပဲ ဝတ်စားထားကြပြီး လက်ထပ် လက်စွပ်ကလည်း သာမန်ဒီဇိုင်းပါ။ ပယ်ထရိုရဲ့ မိခင်ဖြစ်သူကတော့ သူ့ သမီးရဲ့မင်္ဂလာဆောင်ကတ အားကိုပြည့်စုံပါတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ပယ်ထရိုအတွက်တော့ ဒီအိမ် ထောင်က ပထမဆုံးမဟုတ်ဘဲ ပထမ အိမ်ထောင်အဖြစ် ကမ္ဘာကျော် Cold Play ဂီတအဖွဲ့ကအဆိုတော် ခရစ်မာတင်နဲ့ လက်ထပ်ခဲ့ပြီး သား သမီး နှစ်ယောက်ထွန်းကား ထားခဲ့ပါ တယ်။ ကွာရှင်းပြတ်စဲထားခဲ့တာက အချိန် အတော်ကြာခဲ့ပြီဖြစ်ပါတယ်။

Ref:CNN


LEAVE A REPLY

Please enter your comment!
Please enter your name here