မင်းသမီးချော ကိတ်ဟဒ်ဆန်သမီးလေး မွေးဖွား

0
173

ဟောလိဝုဒ်မင်းသမီးချော ကိတ်ဟဒ်ဆန်က သမီးလေး တစ်ယောက် မွေးဖွားခဲ့တဲ့သတင်းကို ပရိသတ်တွေစိတ်ဝင် တစားရှိနေတယ်လို့ သိရပါတယ်။ ပိုပြီးစိတ်ဝင်စားစရာက သမီးလေး ကိုပေးလိုက်တဲ့နာမည်ပါ။ Rani Rose Hudson Fujikawa လို့ ဆိုပါတယ်။

အောက်တိုဘာ ၂ ရက်ဖွား သမီးငယ်လေးရဲ့ နာမည်မှာ မိခင် နာမည်ရော၊ ဖခင်နာမည်ပါ ထည့်ပြီးမှည့်ခေါ်တာကိုက ဒီနေ့ခေတ်မှာ အင်မတန်ကြုံတောင့်ကြုံခဲပါ။ ခင်ပွန်းဖြစ်သူကဂီတပညာရှင် Danny Fujikawa လို့ အမည်ရသူပါ။

တကယ်တော့ Fujikawa ဆိုတဲ့ နာမည်ဟာ သမီးလေးရဲ့ အဘိုးဖြစ်သူ Ron Fujikawa ကို အမှတ်ရတဲ့ အနေနဲ့ထည့်ပြီး မှည့်ထားတာလို့ဆိုပါတယ်။

ဟောလိ ဝုဒ်မင်းသမီး၊ စီးပွားရေးလုပ်ငန်းရှင်၊ စာရေးဆရာမအစ ရှိတဲ့ အလုပ်တွေ လုပ်ကိုင်နေတဲ့ကိတ်ကို ၁၉၇၉ ခုနှစ်က အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့ ပြီးပထမအိမ်ထောင်တစ်ဆက်ရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

Ref: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here