မိခင်ဖြစ်သူ မိုင်ကို ကျေးဇူးဆပ်မယ့်အဆိုတော်ရတနာမိုင်

0
495

ဆယ်ကျော်သက် အရွယ်က တည်းက အနုပညာလောကကို ဝင် ရောက်လာတဲ့ အဆိုတော် ရတနာမိုင် ကတော့ လက်ရှိမှာ လူငယ်ပရိသတ် အခိုင်အမာနဲ့ ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းနေသူပါ။ သူကတော့ ပရိသတ်တွေအတွက် Single Song တွေ ဆက်တိုက် လုပ်ဖြစ်နေပြီး လတ် တလောမှာ ‘အပေါ်ယံများ’ ဆိုတဲ့ Single Song တစ်ပုဒ် ထွက်ရှိထား ပါတယ်။ သီချင်းတွေကို ကိုယ်တိုင် စိတ်တိုင်းကျမှ ပရိသတ်ကို ချပြလေ့ ရှိတယ်ဆိုတဲ့ ရတနာ မိုင်က …

”အစ်မ အခုလောလောဆယ်မှာ ‘အပေါ်ယံများ’ ဆိုတဲ့ သီချင်းတစ်ပုဒ်ထွက်ထားပါတယ်။ အကြောင်းအရာ လေးကတော့ ဖြတ်သန်းလာတဲ့ အချိန်မှာတွေမှာ ပုံပြင်တွေရှိခဲ့တဲ့ အကြောင်းပေါ့။ သီချင်းပုံစံလေးကတော့ အစ်မဆိုနေကျဆိုပေါက်အ တိုင်းပါပဲ။ ထူးဆန်းသွား တာက တေးရေး နေခြည်ထွန်းထွန်းပါ။ တစ်ခါမှ သူနဲ့ လက်မတွဲဖူးပါဘူး။ အခုမှ ပထမဆုံး လက်တွဲဖူးတာပါ။ သူက လည်း ကိုယ်နဲ့လိုက်ဖက်မယ့် သီချင်းမျိုး ရေးပေးခဲ့တာပါ။ သီချင်း လေးကို MVT အနေနဲ့လည်း ရိုက်ကူးပုံဖော်သွားဖို့ရှိပါတယ်။ ဒီသီချင်းလေးကို စိတ်တိုင်းကျပါတယ်။ အစ်မကတော့ ဒီသီချင်းမှမဟုတ်ပါဘူး တခြားသီ ချင်းတွေအားလုံးကိုလည်း အတတ် နိုင်ဆုံး ကြိုးစားခဲ့တယ်။ ကိုယ်တိုင်က လည်း စိတ်တိုင်းကျမှ ချစ်ပရိသတ် တွေကို ချပြတတ်တဲ့အကျင့်ရှိပါတယ်။ အဲဒါကြောင့် ဒီသီချင်းလေးကိုလည်း စိတ်တိုင်းကျပါတယ်” လို့ ပြောပြခဲ့ပါ တယ်။

လက်ရှိ ခေတ်ကာလအနေအ ထားမှာ အဆိုတော်တွေအများစုက တစ်ကိုယ်တော်တေးစီးရီး ထွက်ရှိတာ နည်းပြီး အွန်လိုင်းမှာပဲ Single Song တွေ လုပ်ကြတဲ့အပေါ် သူ့ရဲ့ အမြင်ကို မေးမြန်းကြည့်တော့ …

” Single Song အနေနဲ့ ထွက် တာကတော့ ပိုကောင်းတယ်လို့ မြင် ပါတယ်။ အစ်မကိုယ်တိုင်လည်း စီးရီး ထွက်တာနဲ့ယှဉ်ရင် Single Song အနေနဲ့ပဲ ထွက်တာများတယ်။ ဘာ လို့လဲဆိုတော့ အခုခေတ်က အခွေဝယ်ပြီး သီချင်းနားထောင်တဲ့သူက နည်း သွားပြီ။ ပရိသတ်တော်တော်များများက အွန်လိုင်းပေါ်ကပဲ သီချင်းနား ထောင်ကြတာများတယ်။ အစ်မကိုယ် တိုင်ကလည်း အခွေသွားဝယ်တာနဲ့စာရင်အွန်လိုင်းပေါ်ကပဲ နားထောင် တာများတယ်။ အဲဒါကြောင့်လည်း Single Song အနေနဲ့ပဲ သီချင်းတွေ အွန်လိုင်းမှာ တင်ဖြစ်တာပါ။ ပြီးရင် ဒီလိုတစ်ပုဒ်ချင်း အွန်လိုင်းပေါ်တင်လိုက်တာက ပရိသတ်တွေရဲ့ Feedback ကို မြန်မြန်ရပါတယ်” လို့လည်း ရတနာမိုင်က ပြောပြခဲ့ပါ တယ်။

ရတနာမိုင်ဟာ မိခင်ဖြစ်သူ အဆိုတော် မိုင်ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ မိုင်ရဲ့သီချင်းတွေနဲ့ ပြန်ဆို တေးတစ်ခွေ ထွက်ဖို့လည်း စီစဉ်နေ ကြောင်း ပြောပြခဲ့ပါတယ်။

သတင်း

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here