နေတိုးကိုမနာလိုဖြစ်မိတယ်ဒါရိုက်တာ စတီးလ်

0
531

တည်ကြည် ရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက်တာစတီလ်နေတိုး၊ သင်ဇာဝင့်ကျော်၊ ရွှေသမီး၊ ယဉ်လက်၊ နန်းခင်ဇေယျာနဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ စတီးလ်ကိုယ်တိုင် ရိုက်ကူးထားပြီး ‘တည်ကြက်’ ရုပ်ရှင်ဇာတ်ကားရိုက်ကူးတုန်းက အမှတ်တရတွေနဲ့၊ ကိုနေတိုးနဲ့အတူ ရိုက်ကူးခဲ့ရတဲ့ အမှတ်တရတွေကို ဒါရိုက်တာ စတီးလ်က အခုလိုပဲ ပြောပြခဲ့ပါတယ်။

”တည်ကြက် ရုပ်ရှင်ဇာတ်ကားက ကျွန်တော် ကိုနေတိုးနဲ့ ပထမဦးဆုံး စဆုံခဲ့တဲ့ ဇာတ်ကားပါ။ ဆုံခဲ့ရ တယ်ဆိုတာ ကျွန်တော်ဒါရိုက်တာ အနေနဲ့ ဆုံခဲ့ရတာပေါ့။ ပရိုဂျူဆာက နေတိုးနဲ့ ဇာတ်ကားရိုက်ကူးချင် တယ်။ ဇာတ်ရှိသလားဆိုပြီးပြော တော့ ကိုနေတိုးအတွက် ရည်ရွယ်ပြီး ဇာတ်တစ်ဇာတ်ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကိုနေတိုး ကျွန်တော့်ကို ရိုက်ကူးပေးပါ့မလား၊ ဒါရိုက်တာအဖြစ် လက်ခံပြီး ရိုက်ကူးပါ့မလားမထင်ခဲ့ဘူး။ ဇာတ်လမ်းသွားပြောတော့ ကျွန်တော့်ရဲ့ဇာတ်ကို သဘောကျပြီး ရိုက်ကူးဖြစ်ခဲ့တာပါ။ ပြီးတော့ ပြောရမယ်ဆိုရင် အဲဒီဇာတ်ကားမရိုက်ကူးခင်ကတည်းက မင်းသမီးပြောင်းဖြစ်တာတွေလည်း ရှိခဲ့တယ်။ အများကြီးပါ။ တည်ကြက် ရုပ်ရှင်ဇာတ်ကား မရိုက်ကူးခင်ကတည်းက ကိုနေတိုးနဲ့ အမှတ်တရတွေလည်း များခဲ့တယ်။ သူကမရိုက်ကူး ခင်ကတည်းက ဒါရိုက်တာတွေနဲ့တွေ့တယ်။ ဘာလုပ်မလဲ၊ ဘယ်လိုလုပ် ချင်လဲဆိုပြီး သူ့ဘက်က ကြိုတင်ပြင်ဆင်မှုတွေနဲ့ လာခဲ့တယ်။ ကိုနေတိုးက ပြင်ဆင်မှုတွေက ပိုကိုပို တယ်။(ရယ်လျက်)။ တစ်ခါတလေ သူ့ကိုမနာလိုတောင် ဖြစ်ပါတယ်။ ‘တည်ကြက်’ ရုပ်ရှင်ဇာတ်ကားရိုက်ကူးတုန်းက အံ့သြ စရာတစ်ခု ပထမဦးဆုံး ရိုက်ကူးတဲ့ အချိန်ပါးစပ်က အလွယ်ပြောလိုက် တာ။ မနက် ၇ နာရီခွဲ တောထဲမှာ ဆုံမယ်ဆိုပြိး ပြောလိုက်တယ်။ ဘယ် မင်းသမီးမှ မပါဘူး။ အဲဒီနေ့က သူ တစ်ယောက်တည်း ရိုက်ကူးရမှာ။ ပြောပြီးတော့ နောက် နေ့ မနက် ၇ နာရီမှာ မေမြို့မှာ ကျွန်တော်တို့ ထမင်းကြော်စားနေတဲ့အချိန် ဖုန်း ဝင်လာ တယ်။ အစ်ကို ကျွန်တော် ရောက်ပြီဆိုပြီး အဲဒီအချိန်မှာ ကျွန်တော်အံ့သြသွားတယ်။ အဲဒီမှာ ကတည်းက ကျွန်တော်တကယ့်ကို ကိုနေတိုးကို လေးစားမိသွားတယ်။ သူက တကယ်တော်တဲ့ အနုပညာရှင် တစ်ယောက်ပါ”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here