ပိုလန်နိုင်ငံမှာ ကျင်းပမယ့်Miss Supranationalပြိုင်ပွဲကြီးအတွက်ရွှေအိမ်စည်ဘာတွေ ကြိုတင်ပြင်ဆင်နေသလဲ

0
191

Miss Golden Land Myanmar 2018 Winner ဖြစ်တဲ့ အလှမယ် ရွှေအိမ်စည်ကတော့ ပိုလန်နိုင်ငံမှာ ဒီဇင်ဘာလအတွင်း ကျင်းပမယ့် Miss Supranational ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ ပြိုင်ပွဲအတွက် ပိုလန်နိုင်ငံ ကို နိုဝင်ဘာလအတွင်း သွားရောက် မှာဖြစ်ပြီး ဘယ်လို ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေလဲဆိုတာကိုတော့ ရွှေအိမ်စည်က …

”အဝတ်အစားပိုင်း၊ Knowledge Skill ပိုင်း၊ Body ပိုင်းဆိုင်ရာကို အဓိကထားပြီး ပြင်ဆင်နေတယ်။ အဝတ်အစားပိုင်းကတော့ Designer နဲ့ တိုင်ပင်ပြီးတော့ ကိုယ်လိုချင်တဲ့ပုံစံမျိုးလေးတွေကို ပြောထားတယ်။ Gym ပိုင်းမှာ Trainer နဲ့ သေချာ Train နေတယ်။ အချိန် ကလည်း သိပ်မကျန် တော့ဘူးဆိုတော့ အိမ်စည် သြိပ ကို ဒီထက် နည်း နည်းလေး ပိုကျစ်ကျစ်လျစ်လျစ်ဖြစ် အောင် လုပ်သွားမယ်။ Organization ဘက်ကလည်း အိမ် စည်ကိုအဝတ်အစားပိုင်းနဲ့ ပတ် သက်ပြီး အဓိကအကြံဥာဏ်တွေ ပေး တယ်။ အခုပြိုင်မယ့် Supranational ပွဲက အဝတ်အစားပုံစံက မိန်းမဆန်တဲ့ဘက်၊ ဘုရင်မဆန်တဲ့ဘက်ကို သွားတဲ့အတွက် အိမ်စည် ခါတိုင်း ဝတ်နေကျ ပုံစံမျိုးမဟုတ်ဘဲ အနည်း ငယ်ကွာခြားမယ်”လို့ ပြောပြပါတယ်။


ဟန်ဆောင်မှုကင်းပြီး ပွင့်လင်းရိုးသားတဲ့ ရွှေအိမ်စည်ဟာ ငယ်ငယ် တုန်းက အားလုံးကို နိုင်သလို ဆရာလုပ်ချင်တဲ့စိတ်လေးလည်းရှိတော့ဆိုးတဲ့ကလေးပုံစံမျိုးထဲမှာပါခဲ့တယ်လို့လည်း ဆိုပါတယ်။ ငယ်ရွယ်သူပီပီ အမှားတွေလည်း ရှိခဲ့ပေမယ့် အဲဒီ အမှားတွေအတွက် ဂုဏ်ယူတယ် ဆိုတဲ့ ရွှေအိမ်စည်က …

”အရင်တုန်းက အလွဲတွေ အများကြီးလုပ်ခဲ့တယ်။ တအားဆိုးခဲ့တယ်။ တအားသောင်းကျန်းခဲ့တယ်။ အိမ်စည် အခုအချိန်မှာ ပြန်ပြင်လို့ ရတဲ့အရာရှိရင် ပြင်မလားဆိုရင်တောင် အိမ်စည် အခုချိန် ဘာမှမပြင်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီလို အမှားတွေကို လုပ်ခဲ့လို့ အိမ်စည်အခု ချိန်မှာ ဘယ်လောက်ပဲ စိတ်ဆင်းရဲ ဆင်းရဲ၊ ဘယ်လောက်ပဲ စိတ်ဓာတ် တွေကျကျ၊ အဲဒီအချက်တွေကြောင့်ပဲ ပိုပြီးတော့ Strong ဖြစ်လာတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိစ္စတစ်ခုကို ဘယ်လိုမျိုး Handle လုပ်ရမလဲဆို တာကို သိလာတယ်။ အိမ်စည်က မပြောင်းလဲဘူး။ ဖြစ်ခဲ့တဲ့အမှားတွေ အကုန်လုံးကို ဂုဏ်ယူတယ်။ ဆက် မှားသွားဖို့လည်း အများကြီးရှိသေး တယ်”လို့ သူခံယူထားတဲ့စိတ်ဓာတ်နဲ့ ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ – ဇေမင်း


LEAVE A REPLY

Please enter your comment!
Please enter your name here