သီတင်းကျွတ်မှာချစ်သူနဲ့ လျှောက်လည်ချင်တယ်ရွှေပိုးအိမ်

0
566

ရိုးရိုးယဉ်ယဉ်လေးနဲ့ အမြဲတမ်း လှပနေသူက ရွှေပိုးအိမ်ပါ။ မကြာမီအခါသမယမှာ သီတင်းကျွတ် အချိန်အခါကို ရောက်ရှိလာ တော့မှာဆိုတော့သီတင်းကျွတ်နဲ့ပတ်သက်တဲ့ အမှတ်တရ အကြောင်း လေးတွေကို မေးမြန်းကြည့်တဲ့အခါ ရွှေပိုး အိမ်က…

”မီးရှူး၊ မီးပန်းဖောက်တာမျိုး၊ မီးပုံးပျံကြီးတွေ လွှတ်တာမျိုး၊ အဘိုး၊ အဘွား၊ အဖေ၊ အမေကို ကန်တော့ လို့ မုန့်ဖိုးရတာမျိုးတွေက တော့ သီတင်းကျွတ်နဲ့ပတ်သက်ပြီး ငယ်ဘဝ အမှတ်တရတွေပါ။ အခုအ သက်အရွယ်မှာ မီးရှူး၊မီးပန်းတွေ လည်း မဖောက်ချင်တော့ ဘူး။ ဘာလို့လဲဆိုရင် ပိုက်ဆံကုန်တယ် လေ(ရယ်လျက်)။ သူများတွေ ဖောက်ကြတာကို ထိုင်ပြီးပဲ ကြည့် နေတော့မယ် ။ သီတင်းကျွတ်မှာ ချစ်သူနဲ့တော့ လျှောက်မလည်ဖူးဘူး။ ရွှေပိုးလည်း ချစ်သူနဲ့ လျှောက်လည် ချင်တယ်။ သီတင်းကျွတ်ဆိုရင် မိသားစုနဲ့အတူတူ ဘုရားဖူးသွား တာမျိုးပဲ ရှိတယ်။ အခုအချိန်ထိတော့ သီတင်းကျွတ် ချိန်ခါမလည်ဖူးသေး ဘူး။ ဝါကျွတ်ပြီဆိုရင် မင်္ဂလာဆောင်တွေမှာ မင်္ဂလာပန်း ကြဲပေးရတာမျိုး၊ လက်စွပ်ဗန်းကိုင် ပေးရတာမျိုး၊ သတို့သမီးအရံလုပ် ပေးရတာမျိုးတွေတော့ရှိတယ်။ ဝါကျွတ် တော့မယ်ဆိုတော့ သတို့ သား၊ သတို့သမီးတွေအတွက် စောင့်နေရ တဲ့နေ့လေး ရောက်လာတော့ မှာဆိုတော့ သူတို့တွေအတွက် တအားပျော်ဖို့ကောင်းမှာပါ” လို့ ပြောပြပါတယ်။

ရွှေပိုးအိမ်ရဲ့ စိတ်ကူးအိပ်မက်ထဲက မင်္ဂလာပွဲလေးက ဘယ် လိုမျိုးဖြစ်မလဲလို့ မေးမြန်းကြည့်တော့….

”ရွှေပိုးမင်္ဂလာဆောင်ရင်လည်း အကုန်ထူးထူးဆန်းဆန်းလေး လုပ် ချင်တယ်။ မိန်းကလေးတိုင်းရဲ့အိပ်မက်ဆိုတော့ မင်္ဂလာပွဲအစ အဆုံးကို ထူးထူးဆန်း ဆန်းလေးလုပ်ဖို့ စဉ်း စားထားတယ်။ အိမ်ထောင်ဖက်ကို ရွှေပိုးကတော့ ဘာစံနှုန်းမှ မသတ် မှတ်ထားဘူး။ ရွှေပိုးကို တကယ် တမ်းချစ်ပြီး ရွှေပိုးအလုပ်ကို နား လည်မှုအပြည့်အဝ ပေးနိုင်မယ့် သူမျိုးကို ရွေးချယ်ဖြစ်သွားမှာပါ။ ကိုယ်ကိုယ်တိုင်လည်း တကယ်တမ်းကောင်းနေမှ ကိုယ့်အပေါ်ကောင်း တဲ့သူမျိုးကို ရမှာပါ။ ရွှေပိုးက ပရိသတ်ရင်ထဲမှာ ရွှေပိုးအိမ်ဆိုတဲ့ နေရာလေးတစ်နေရာ ရောက်မှသာ ရွှေပိုးရဲ့မင်္ဂလာကိစ္စကို စဉ်းစားမှာပါ။ ဘယ်အချိန် စဉ်းစားဖြစ်မယ်ဆို တာလည်း ရွှေပိုးမသိသေးဘူး။ အချိန်အတိုင်း အတာတစ်ခု ရောက် မှသာ ရွှေပိုးစဉ်းစားမှာပါ။ အခုအချိန်ထိတော့ မစဉ်းစားဖြစ်သေးပါ ဘူး။ ရွှေပိုး အခုချိန်မှာ အနုပညာအလုပ်၊ မိသားစု၊ ရွှေပိုးကို ချစ်တဲ့ပရိ သတ်ကြီးတွေ အတွက်ပဲအချိန်တွေ ပေးထားပါတယ်” လို့လည်း ရွှေပိုး အိမ်က ပြောပြခဲ့ပါတယ်။

 

ခိုင်ဝါဝင်း

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here