အသည်းကွဲ သီချင်းဆိုတိုင်း အသည်းကွဲတာ မဟုတ်ပါဘူး ကေကေမိုး

0
385

ကေကေမိုးရဲ့ အသည်းကွဲ သီချင်းတွေက ပေါက်တယ်လေ။ ‘ကျွန်မ’တို့၊ ‘မောင်မငိုရဘူး နော်’ တို့ လိုမျိုးပေါ့။ ဒီလိုမျိုး အသည်းကွဲသီချင်းတွေကို ပီပီပြင်ပြင်သီဆိုနိုင်တယ်ဆိုတာ တကယ့်လက်တွေ့ဘဝမှာ အကြောင်းတစ်ခုခုရှိနေနိုင်တယ်လေ။ အသည်းတွေဘာတွေကော ကွဲခဲ့တာလားဆိုတဲ့ အမေးကို ကေကေမိုးက –

”အဓိကကတော့ အသည်းကွဲ သီချင်းဆိုတိုင်း အသည်းကွဲတာမဟုတ်ပါဘူး။ ကေကေလည်း အသည်းမကွဲဖူးပါဘူး။ ဒါ အပွင့်လင်းဆုံးပြောပြ တာပါ။ အဲဒီ ‘ကျွန်မ’ သီချင်းဆိုတုန်းကဆိုရင် တော်တော်မှတ်မှတ်ရရပဲ။ အဲဒီသီချင်းက လွယ် မလိုနဲ့ခက်တာဗျ။ ခံစားသက်ဝင်မှုက အဓိက ဖြစ်နေတယ်။ ကေကေက အဲဒီဟာကို သိသွား တဲ့အခါကျတော့ ဒီသီချင်းမသွင်းခင် တစ်ပတ်၊ နှစ်ပတ်လောက်မှာ ကိုဝေကြီး ရေးပေးထားတဲ့ ကျွန်မဆိုတဲ့ ကောင်မလေးတစ်ယောက် မု(ဒ်)ကို ထည့်ထားတယ်။ အဲဒီ ရက်ပိုင်းမှာ ကေကေ အိမ်နဲ့လည်း စကားမပြောဘူး။ အဲဒီ စိတ်နဲ့ပဲစား တယ်။ အဲဒီစိတ်နဲ့ပဲသွားတယ်။ အဲဒါကြီးကိုပဲ ရင်ထဲမှာ မွေးထားတာ ပေါ့နော်။ အဲဒီလို မွေးထားခြင်းအား ဖြင့် တကယ့်တကယ် Recording ဝင်တဲ့အခါမှာ တအား အထောက် အကူဖြစ်တယ်။ အဲဒီစိတ်ကို အဓိကထားပြီး သီချင်းအပေါ် မှာ ခံစားသက်ဝင်ပြီး ကြိုးစား ကြည့်တာပါ” လို့ သူမက ပြောပါတယ်။

အသည်းမကွဲ ဖူးဘူးဆိုတော့ ချစ်သူမရှိ တာလားလို့ မေးတဲ့ အခါ ”ချစ်သူမရှိဘူးလို့ မပြော ဘူးလေ (ရယ်လျက်)။ အသည်းကွဲတဲ့ ခံစားချက် မရှိ တာပါ” လို့ ကေကေ မိုးက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here