ငဲငယ်လေးနဲ့ သူ့အချစ်ရေးအကြောင်း ပွင့်ပွင့်လင်းလင်း

0
280


အသက် ၁၉နှစ်ပြည့်မွေးနေ့မှာ ဆရာချစ်(ချစ်စမ်းမောင်)ရဲ့ သမီး ဖြစ်သူ ငဲငယ်လေးက ‘ကျေနပ် ပါ တယ်-၂’ သီချင်းကို လက်ဆောင် အဖြစ် ပရိသတ်ကို ပေးဖြစ်ပါတယ်။ အဲဒီသီချင်းလေးရဲ့ ထူးခြားချက် ကတော့…

”ပြောရင်တော့ စိတ်မဆိုးပါနဲ့ပေါ့။ အိမ်ကမိဘတွေကိုလေ။ အဲဒီသီချင်းက ငယ်လေးရဲ့အဖြစ်အပျက် တစ်ရာရာခိုင်နှုန်းပါပါ တယ်” လို့ ငဲငယ်လေးကပြောပါတယ်။ အခုချိန်ထိလည်း အသည်းကွဲတုန်းပဲဆို ပေမယ့်လည်း ရှေ့ဆက်လျှောက်ရမယ့် အလုပ်တွေအတွက်ကိုပဲ အာရုံ စိုက်ထားပါတယ်လို့ သူမကဆက်လက်ပြောပါတယ်။

”သူနဲ့ ငယ်လေးနဲ့က မချစ်လို့ မဟုတ်ပါဘူး။ တအားချစ်ပါတယ်။ ဒါပေမဲ့လည်း သူကအိမ်ထောင်ပြုရတော့မှာဆိုတော့ နှစ်ယောက်စလုံး ကလည်း အဲဒီသီချင်းစာသား အတိုင်းပါပဲ။ ‘ဒီတစ်ခါတွေ့တာ နောက် ဆုံးလား၊ နောက်ဆိုပြန်မတွေ့တော့ဘူးမလား၊ ငါလေမေးချင်သော် လည်း မမေးရက်ပါ၊ အစကတည်းက သိနှင့်တာမဟုတ်လား’ ဆိုတဲ့ အတိုင်းပဲ သူ့ဆီမှာ ချစ်သူရှိရက်သားနဲ့ ငယ်လေးတို့တွေ ရှေ့ဆက်တိုးခဲ့ တယ်။ အခုချိန်မှာ သူ့ရဲ့ ချစ်သူက နိုင်ငံခြားကနေပြန်လာတဲ့အချိန် မှာ ငယ်လေးဘက်ကနေပဲ နောက်ဆုတ်သွားပေးတာပါ” လို့ သူမရဲ့ အချစ်ရေးအကြောင်းကို ငဲငယ်လေးက ပြောပါတယ်။ ငဲငယ်လေး ဆက်လက် လျှောက်လှမ်းမယ့်အနုပညာလမ်းခရီးအနေနဲ့က…

”ငယ်လေးကို အားပေးကြတဲ့ ပရိသတ်တွေကို အများကြီးကျေးဇူး တင်သလို ငယ်လေးလည်း ရှေ့ဆက် လျှောက်ပြီးမှ အများကြီးလည်း ကြိုးစားသွားမှာပါ။ အခုဆိုရင် နိုဝင်ဘာလ ၅ရက်နေ့ကျရင် အခွေထွက် ရှိမှာ ဖြစ်ပါတယ်။ အဲဒီကျရင်လည်း အားပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ သူမကပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here