ဒုတိယမြောက် တစ်ကိုယ်တော်ခွေထွက်ရှိဖို့ကြိုးစားနေတဲ့ ပိုးမီ

0
227

Myanmar Idol Season-2 မှ တေးသံရှင်တစ်ဦးဖြစ်ပြီး ပြိုင် ပွဲကာလကနေ အခုအချိန်ထိ ပရိသတ်အားပေးမှုကို တစ်ခဲနက်ရရှိ ထားတဲ့ ပိုးမီကတော့ ‘နောက်ထပ် တစ်ယောက်မရှိ’ တစ်ကိုယ်တော် ခွေထွက်ရှိပြီးတဲ့နောက် ဒုတိယမြောက်တစ်ကိုယ်တော်ခွေ ထပ်မံထွက် ရှိဖို့ကြိုးစားနေပါတယ်။ အဲဒီတစ်ကိုယ်တော်ခွေအတွက် ပြင်ဆင် နေတဲ့အကြောင်းကို ပိုးမီက ‘ပထမအခွေထဲမှာ သီချင်းအေးအေး လေးတွေ အများကြီးပါတယ်။ ဒုတိယအခွေမှာ နည်းနည်း Rock ဆန်တဲ့ သီချင်းပုံစံမျိုးလေးတွေကိုဆိုဖို့ သီချင်းလေးတွေလည်း ရွေး ထားပြီးပြီ။ သီချင်း ၅ ပုဒ်လောက်တော့ တီးထားပြီးပြီ။ ပရိသတ်ကြီးဆီ ကို အမြန်ဆုံးချပြနိုင်အောင် အစ်မကြိုးစားနေပါတယ်”လို့ ပြောပြပါ တယ်။ ပိုးမီကိုယ်တိုင်ရေးသားသီဆိုထားတဲ့ ‘အလိုက်တသိ’ သီချင်းကို ဖန်တီးဖြစ်ပုံနဲ့ပတ်သက်ပြီးတော့လည်း ”အလိုက်တသိသီချင်းက ပြိုင် ပွဲမတိုင်ခင်က ဖန်တီးဖြစ်တဲ့ သီချင်းလေးပါ။ တကယ့်အပြင်မှာတော့ အလိုက်တသိ ထွက်သွားတာတော့ မဟုတ်ဘူး။ ကိုယ်က ကန်ထုတ်ခဲ့ တာ(ရယ်လျက်)။ သီချင်းအနေနဲ့လှပအောင် ဘယ်လိုမျိုးရေးမလဲ ဆိုတော့အလိုက်တသိထွက်ခွာပြီး ငါအိမ်ပြန်ခဲ့ရတယ်ဆိုတဲ့ သူနေရာက နေခံစားပြီးရေးဖွဲ့လိုက်တာ။ ခဏလေးပဲကြာတယ်။ ပိုးမီသီဆိုဖို့တော့ မဟုတ်ဘူး။ အိပ်မက်ဆုံရာကမောင်လေး Leo သီဆိုဖို့။ အစ်မက ပြိုင်ပွဲပြိုင်တော့ သီချင်းကလည်းလိုတယ်ဆိုတော့ မောင်လေးငါသီဆို လိုက်မယ်ဆိုပြီး သီဆိုလိုက်တဲ့အချိန်မှာ မထင်မှတ်ဘဲ ပရိသတ်ကြီးက အားပေးကြတဲ့အတွက်ပေါက်သွားတယ်။ နောက်ပိုင်းမှာ Leo လည်း ပြန်ဆိုဖို့ရှိတယ်။ ပရိသတ်ကြီးကကြိုက်တဲ့အတွက်လည်း ကျေးဇူးတင် ပါတယ်”လို့ ပိုးမီက ပြောပြခဲ့ပါတယ်။ မကြာခင်မှာပဲ ‘အလိုက်တသိ’ သီချင်းကို MTV ရိုက်ကူးဖို့လည်း ပိုးမီက စီစဉ်နေကြောင်း သိရပါတယ်။

ခိုင်ဝါဝင်း၊ ဓာတ်ပုံ- အောင်ဇော်မင်


LEAVE A REPLY

Please enter your comment!
Please enter your name here