သဘင်ကိုလည်းချစ်၊ သဘင်အနုပညာရှင်တွေကိုလည်းချစ်တဲ့ မင်းသွေးအတွက် သဘင်လောကသားတို့ရဲ့ လွမ်းဆွတ်မှုအသံ

0
123

အဆိုတော်၊ သရုပ်ဆောင် မင်းသွေး ကွယ်လွန်မှုကို အနုပညာနယ်ပယ်အသီးသီးမှ အနုပညာရှင်များမှ ဝမ်းနည်းခဲ့ကြရပါတယ်။

သဘင်ပိုင်းမှာဆိုရင်လည်း ပတ္တမြား ကေခိုင်က မင်းသွေးဆုံးပါးသွားခဲ့တဲ့ညမှာပဲ ဆေးရုံကို အရောက်သွားခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ နာရေးအိမ်မှာလည်း ကူညီပေး စရာရှိတာတွေ ကူညီပေးခဲ့ပြီး မင်းသွေးကို သင်္ဂြိုဟ်တဲ့နေ့မှာတော့ သူကရွှေဘိုမှာ မြို့ရွှေ မန်းသား ဖိုးချစ်နဲ့ ဟန်ဇာမိုးဝင်းတို့ ဇာတ်စပွန်ဆာစာချုပ်ချုပ်ဆိုဖို့ ကိစ္စပေါ်လာတဲ့အတွက် ရွှေဘိုကို ထွက်လာခဲ့ရပါတယ်။ ပတ္တမြား ကေခိုင်က မင်းသွေးရုပ်ပုံပါ အမှတ်တရအင်္ကျီတွေကိုလည်း ဖိုးချစ်နဲ့ ဟန်ဇာမိုးဝင်းတို့အတွက် ယူလာပေးခဲ့ပါတယ်။

”အဲဒါလေးတွေဝတ်ပြီး ညီလေးငယ်အတွက် သီချင်းဆိုကြတယ်။ဟန်ကြီး(ဟန်ဇာမိုးဝင်း)ဆိုရင် ပြီးအောင်တောင် ဆက်မဆိုနိုင်ပါ။ ငိုလိုက်တာ။ ပြီးတော့ ကိုဖိုးချစ်ကလည်း ဘောလုံးပွဲမှာ မင်းသွေးဝတ် တဲ့ ကျောနံပါတ် ၇ ကို တစ်သင်းလုံးဝတ်ပြီး ကန်ကြတယ်။ ၁ မိနစ် ငြိမ်သက်ခဲ့ကြပါတယ်”လို့ ပတ္တမြားကေခိုင်က ပြောပြခဲ့ပါတယ်။

မင်းသွေးက သဘင်နဲ့ပတ်သက် လို့လည်း မြို့ရွှေမန်းသားဖိုးချစ်၊ တင် မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်းတို့ရဲ့ ဇာတ်အဖွဲ့တွေမှာ သီချင်းတွေ သွားရောက်သီဆိုခဲ့သလို ညီအစ်ကို ရင်းတွေလိုလည်း ခင်မင်ရင်းနှီးခဲ့တဲ့ ဆက်ဆံရေးမျိုးတွေရှိခဲ့ပါတယ်။ သူ့ကို အားလုံးက ချစ်ခင်ကြပြီး သူကလည်း အားလုံးကို သူတတ်နိုင်တဲ့ အကူအညီတွေ အမြဲပေးခဲ့သူလည်းဖြစ်ပါတယ်။ ”စိတ်ကောင်းဖြူစင် ရိုးသား သောမောင်လေး ကောင်းသောနေရာမှာ ဆင်းရဲဒုက္ခကင်းပြီးသက်တမ်း ပြည့် ချမ်းမြေ့ပျော်ရွှင်စွာနေရ ပါစေ။ ကောင်းသောနေရာမှာ ပျော်ရွှင် ပါစေ။ ဆင်းရဲခြင်းကင်းပါစေ ”လို့ စံပြသဘင်မှ တင်ဇာမိုးဝင်းကလည်း မောင်လေးအရင်း တစ်ယောက်လို ချစ်ခင်ရတဲ့ မင်းသွေးအတွက် ဆု တောင်းပေးခဲ့ပါတယ်။

မင်းသွေးဟာ လူ့လောကမှာ မရှိတော့ပေမယ့်လည်း သူ့ကို လွမ်း ဆွတ်သတိရနေကြတဲ့သူတွေရဲ့ စိတ်အာရုံထဲမှာတော့ သူဟာ အမြဲ ရှိနေဦးမှာပါပဲ…

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here