လက်ထပ်ဖို့ စိတ်ကူးမရှိသေးဘူးSeohyun

0
133

Girl’s Generation ရဲ့ အဖွဲ့ဝင်ဟောင်း Seohyun ဟာ အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိသေးကြောင်း မကြာခင်က တွေ့ဆုံမေးမြန်းခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ဖြေကြားခဲ့ပါတယ်။ မင်းသမီးအတွက် အချစ်ရေးထက် အလုပ်ကိုပဲပိုပြီး အလေး သာနေပါတယ်။

”လူသိထင်ရှား ဒိတ်လုပ်တာက ဒီ နယ်ပယ်အတွက် အဆင်မပြေပါဘူး။ ကျွန်မရဲ့ ပျော်ရွှင်မှုအတွက် ဂရုမစိုက်တာ မဟုတ်ပါဘူး။ ကျွန်မရဲ့ ပျော်ရွှင်မှုကို အလေး ထားပြီး တာဝန်ယူစိတ် အပြည့်ရှိပါ တယ်။ အမှန်အတိုင်းဝန်ခံရရင် အထီးကျန် တဲ့အချိန်များစွာရှိခဲ့ပေမယ့် အချစ်က ကျွန်မအတွက် အရေးကြီးတဲ့ ကဏ္ဍမ ဟုတ်ပါဘူး။ ဒါပေမဲ့ အသက် အရွယ် ရလာတဲ့နောက်ပိုင်း နားလည် လာတာ က သူငယ်ချင်းနဲ့ မိသားစု ကလည်း ဘဝရဲ့အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုပါ။ လက်ထပ်ဖို့ကတော့ အသက် ၃၆နှစ် နောက်ပိုင်းမှာ စတင်စဉ်းစားမှာပါ။ ကလေး အတွက်တော့ ဘာမှမစဉ်းစား ထားပါဘူး။ အတတ် နိုင်ဆုံး နောက်ကျပြီးမှ လက်ထပ်ဖို့ ဆုံးဖြတ်ထားပါတယ်”လိှု့Soehyun ကဖြေကြားခဲ့ ပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here