ချစ်သူ သက်တမ်း ၅နှစ်အကြာမှာလက်ထပ်လိုက်တဲ့Gummyနဲ့Jo Jung Suk

0
151

အဆိုတော် Gummy နဲ့ မင်းသား Jo Jung Suk တို့ဟာ မကြာသေးခင်ကပဲ လက်ထပ်လိုက်ပါတယ်။ Gummy ရဲ့ အေဂျင်စီ C-JeS Entertainment က အောက်တိုဘာလ ၈ ရက်နေ့က ငွေကြယ်ပွင့် ၂ ဦးဟာ မိသားစုတွေနဲ့ မင်္ဂလာ ပွဲကိုအကျဉ်းချုံး ကျင်းပခဲ့ပြီး အကြင်လင်မယားဘဝကို ရောက်ရှိခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ သူတို့ရဲ့ အနုပညာနယ်ပယ်ကိုယ်စီကို လေးစားကြပြီး နှစ်ဦး ပျော်ပျော်ရွှင်ရွှင်နေရဖို့ကိုသာ မျှော်လင့်ကြပါတယ်။

Gummy နဲ့ မင်းသား Jo Jung Suk တို့ဟာ ၂ဝ၁၃ ခုနှစ်မှာ ရင်းနှီး ခဲ့ကြပြီး တွဲခဲ့ကြတာတော့ ၅ နှစ်ရှိပါပြီ။ သူတို့ဟာ မင်္ဂလာပွဲကို မိသားစုသီး သန့်ပဲ ကျင်းပဖို့ စီစဉ်ခဲ့ကြတာပါ။ သူတို့ရဲ့ မင်္ဂလာ ဓာတ်ပုံတွေကိုတော့ Jeju ကျွန်းမှာ ဇူလိုင်လတုန်းက သွား ရောက် ရိုက်ကူးခဲ့ကြပါတယ်။ ဂုဏ်ယူပါတယ်နော်..

 


LEAVE A REPLY

Please enter your comment!
Please enter your name here