G.I.Joe မင်းသား ချန်းနင်း တက်တမ်နဲ့ အဆိုတော် ဂျက်ဆီဂျေ လျှို့ ဝှက်ချိန်းတွေ့

0
101

G.I.Joe,The Rise Of Cobra အစရှိတဲ့ ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့တဲ့ ဟောလိဝုဒ်မင်းသား ချန်းနင်းတက်တမ်နဲ့ကမ္ဘာကျော် ဗြိတိန်အဆိုတော် ဂျက်ဆီဂျေ တို့နှစ်ဦး လျှို့ဝှက်ချိန်းတွေ့ခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ လူမှုကွန်ရက် စာမျက်နှာတွေ ပေါ်မှာအောက်တိုဘာလ ၁ဝ ရက်နေ့ကထွက်ပေါ်လာခဲ့ပါတယ်။

သတင်းအစကတော့ သူတို့ နှစ်ယောက်တွဲ ဓာတ်ပုံတစ်ပုံက စလိုက် တယ်လို့ ပြောရမှာပါ။ တကယ်တော့ ဂျက်ဆီဂျေဆိုတာကလည်း ဒီဘက် နှစ်မှာ ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေနဲ့ လုံးဝမအားလပ်တဲ့သူပါ။ သတင်းရင်းမြစ်ကတော့ မသေချာပေမယ့် ဘာပဲဖြစ်ဖြစ် ဒီလိုသတင်းမျိုးကို စိတ်ဝင်စားတဲ့ ပရိသတ်တွေအဖို့ကတော့ လူမှုကွန်ရက် တွေပေါ်မှာ ထင်မြင်ချက်တွေ အမျိုးမျိုး အပြန်အလှန်ရေးသားနေကြပြီ ဖြစ်ပါတယ်။

ပရိသတ်တွေ ပိုပြီး စိတ်ဝင်တ စားနဲ့ ငြင်းခုံနေကြရတဲ့ အကြောင်းက မင်းသားတက်တမ်ဟာ ၂ဝဝ၉ခုနှစ်က စလက်တွဲခဲ့တဲ့ ဂျန်နာဒီဝမ်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ပူပူနွေးနွေး လမ်းခွဲထားတာကြောင့်လည်းဖြစ်တယ်လို့ သိရပါတယ်။

Ref:Hollywood Life


LEAVE A REPLY

Please enter your comment!
Please enter your name here