ဆိုင်းပဲတီးသွားမယ်ဆိုတဲ့ ဆိုင်းပညာ ရှင်သီရိမောင်မောင်ရဲ့ သား ဝေယံမောင်

0
248

အသက် ၇ နှစ်သား အရွယ်ကတည်းက ပတ္တလားစတင်တီးခတ်နေပြီး မြန်မာ့အနုပညာကို စိတ်ပါဝင်စားခဲ့သူ ဆိုင်းပညာရှင်လေး ဝေယံမောင် ပါ။ သူ့ရဲ့ဖခင်ကတော့ ဆိုင်းပညာရှင် သီရိမောင် မောင်ပဲဖြစ်ပြီး ဖခင်ဖြစ်သူဆီကနေလည်း အနု ပညာအမွေကို ဆက်ခံရယူထားသူပါ။

သူကတော့ ပညာရေးအနေနဲ့ မြန်မာစာနောက် ဆုံးနှစ် တက်ရောက်သင်ကြားနေပြီး ဆိုင်းဘက် မှာလည်း ခေါင်းဆောင်ရွာစား တစ်ဦးအနေနဲ့ ပွဲ တွေမှာ တီးခတ်နေပြီလည်း ဖြစ်ပါတယ်။

”ကျွန်တော့်အနေနဲ့ ဆိုင်းပဲ တစိုက်မတ်မတ် လုပ်သွားဖို့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်း လောကမှာက လူငယ်တွေနည်းနည်း ရှားလာပြီလေ။ ဒါကြောင့် ကျွန်တော်ကတော့ ဆိုင်းပဲလုပ်သွားဖြစ်မယ်။ လူငယ်တွေက စိတ်ဝင်စားမှုနည်းတာတော့ မဟုတ်ဘူး။ ပြီးခဲ့တဲ့လတုန်းက ဆိုင်းပွဲတော်အနေနဲ့ လုပ်ခဲ့တယ်။ ရန်ကုန်မှာရှိတဲ့ ဆိုင်း ဆရာ စုစုပေါင်း ၁၃ ယောက်ပါတယ်။ နာမည်ကျော်ဆိုင်းဆရာ တွေ မျိုးဆက်သစ်ဆိုင်းဆရာတွေပါတယ်။ အဲဒီမှာ ဘာတွေ့လဲ ဆိုတော့ ဆိုင်းပွဲတော်အနေနဲ့ လုပ်တာ ဒီပွဲကပထမဆုံးပဲ။ လူစိတ်ဝင်စားမှုလျော့မယ်လို့ ကျွန်တော်တို့က ထင်ခဲ့တယ်။ ဒါပေမဲ့ ရုံပြည့်နီးပါး လူစိတ်ဝင်စားမှုရှိခဲ့တယ်။ အကြောင်း ကြောင်းကြောင့်Live မလွှင့်နိုင်ခဲ့ပေမယ့် ရုံထဲမှာတော့ ရုံပြည့် လုနီးပါးလူရှိခဲ့တယ်။ ဆိုင်းက ထိတွေ့မှုနည်းနေလို့သာ လူစိတ် ဝင်စားမှု နည်းနေတာပါ။ ထိတွေ့မှု ရှိနေမယ်ဆိုရင်တော့ ဒါက တိမ်ကော ပျောက်ပြယ်သွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ မထိ တွေ့ခဲ့ရတဲ့အတွက် လူငယ်တွေကြားမှာ ပျောက်ကွယ် လုနီးပါး ဖြစ်ခဲ့ရတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်”လို့ ဆိုင်း ပညာရပ်နဲ့ ပတ်သက်လို့ ဝေယံမောင်က သူ့ရဲ့အမြင်ကို ပြောပြ ပါတယ်။ ဝေယံမောင်က ဆိုင်းအခွေသီးသန့်ထွက် နိုင်ဖို့အတွက် ကြိုးစားပြင်ဆင်သွားမယ်လို့လည်း ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here