စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် အခမဲ့လူနာတင်ယာဉ်ပြေးဆွဲဖို့ အခက်အခဲတွေဖြစ်နေရတဲ့ ကိုအောင်သော်ရဲ့ GMW ပရဟိတအဖွဲ့

0
186


လူရွှင်တော်အောင်သော်ဦးစီး တဲ့ GMW ပရဟိတအသင်းက စက် သုံးဆီဈေးကြီးမြင့်မှုတွေကြောင့် အခ မဲ့လူနာတင်ယာဉ်ပြေးဆွဲပေးနေမှုကို ရပ် နားထားလိုက်ရပါတယ်။ ဒါပေမဲ့ လည်း အခက်အခဲဖြစ်နေကြတဲ့ ပြည် သူတွေကို မကြည့်ရက်တာကြောင့် စက်သုံးဆီဈေးကြီးနေပေမယ့်လည်းဒီလကုန်လောက်တော့ ပြန်ပြီးပြေးဆွဲ ပေးသွားမှာဖြစ်တယ်လို့ ပြောလာပါ တယ်။

”ကျွန်တော့်ကားက အင်ဂျင်ပါ ဝါက ကြီးတယ်။ ဒါကြောင့် မြို့ထဲ တစ်ခါထွက်ရင် အနည်းဆုံး ၂ သောင်းပဲ။ ကူညီချင်ပါတယ်။ ကူညီ ချင်ပေမယ့်လည်း ပိုက်ဆံက မရှိတဲ့ အခါကျတော့ ကူညီလို့ မရဘူးလေ။ဒါပေမဲ့လည်း ကျွန်တော်တို့ ပြန်စဖို့ လုပ်နေကြပါတယ်”လို့ လူရွှင်တော် အောင်သော်က သူတို့ရဲ့ အခက်အခဲ ကိုပြောပြပါတယ်။

သူ့အနေနဲ့ ဒီပရ ဟိတအသင်းကို ဖွဲ့စည်းခဲ့တာကတော့ ပြည်သူတွေရဲ့ အခက်အခဲတွေ ကို ကူညီပေးနိုင်ဖို့အတွက် ကိုယ့်အိတ် ကိုယ်စိုက်ရင်းနဲ့ အလှူရှင်တွေရဲ့ အလှူငွေနဲ့ စုပေါင်း ပြီး လုပ်ဆောင်ပေးနေပါတယ်။ သို့ပေမဲ့လည်း အလှူ ရှင်မရှိတဲ့အခါမျိုးမှာတော့ ကိုယ့်အိတ်ကိုယ်စိုက်ရတာ မျိုးတွေက များလာပါတယ်။ အခုလိုဈေးနှုန်းတွေ ကြီးမြင့်လာတဲ့အခါမှာတော့ သူ့အနေနဲ့ ကူညီချင်ပေ မယ့်လည်း ကူညီဖို့အားအင်တွေမဲ့လာခဲ့ရတယ်လို့ ပြော လာပါတယ်။

”တစ်ခါတလေကျရင်လည်း မလုပ်တော့ဘူး ကွာဆိုတဲ့ စိတ်မျိုး ဖြစ်မိတယ်။ ဖြစ်ပေမယ့်လည်း အသင်းက ညီတွေညီမတွေက ဒါကြီးကို ရပ်နားလိုက် ရင် သူတို့လုပ်နေတာတွေက အလကားဖြစ်မယ်။ သူတို့ ပေးဆပ်နေတာတွေလေ။ ပထမတော့ နားလိုက်ဖို့အထိ စဉ်းစားမိတယ်။ ဒါပေမဲ့ အခုတော့ မနားတော့ပါဘူး။ မရှိရင် ရပ်ထားလိုက်မယ်။ ပိုက်ဆံရှိရင် ထလုပ်လိုက်မယ်။ ကိုယ့်ဘာသာ ကိုယ်လုပ်ရတာဆိုတော့ ကိုယ့်စိတ်ကြိုက် ပါပဲ။ ကျွန်တော့်လက်ထဲမှာ ငါးသောင်းရှိရင် ငါး သောင်းထဆွဲမယ်။ နှစ်သောင်းရှိရင် နှစ်သောင်းနဲ့ ထဆွဲ မယ်။ တစ်ခေါက်ရရင် တစ်ခေါက်ဆွဲမယ်”လို့ ကိုအောင် သော်က သူနောက်ပိုင်းဆက်လုပ်သွားမယ့်အစီအစဉ်နဲ့ ပတ်သက်လို့ ပြောပြလာပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here