မျှော်စင်ကျွန်း မိုးရာသီပွဲမှာ ကပြရင်း ရရှိခဲ့တဲ့ ဆုငွေများကို ပြန်လည် လှူဒါန်းသွားမယ့်မင်းရွှေရောင်တင် (ခ) ပူတူး

0
191

ပရိသတ်တွေရဲ့ အချစ်တော် မင်းရွှေရောင်တင် (ခ) ပူတူးက မျှော်စင်ကျွန်း ပွဲကြီးပြီးဆုံးသွားတဲ့အခါ မှာလည်း သူ့ပရိသတ်တွေကို လွမ်းနေပါတယ်တဲ့။ သူကပရိသတ်တွေကို အမြဲ ကပြဖျော်ဖြေချင်နေတာဖြစ် သလို ပရိသတ်တွေနဲ့လည်း အမြဲ တွေ့ဆုံချင်နေတဲ့သူပါ။ ကျောင်းတက်နေရပြီဖြစ်ပေမယ့်လည်း တနင်္လာနေ့နဲ့ သောကြာနေ့အထိ တောင်ငူကိုပြန်ပြီး ကျောင်းတက်ခဲ့ပေမယ့် စနေနဲ့ တနင်္ဂနွေပိတ်ရက် တွေမှာတော့ သူဟာမျှော်စင်ကျွန်းကို လာရောက်ပြီးအဖေနဲ့အတူကပြဖျော်ဖြေပေးခဲ့ပါတယ်။

အခု နှစ်မျှော်စင်ကျွန်း ၄ နှစ်မြောက်ပွဲမှာလည်း ပရိသတ်တွေအနေနဲ့ မင်းရွှေရောင်တင်ရဲ့ ကပြတင်ဆက်မှု တွေကို အားရကျေနပ်မှုတွေ ရှိကြလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်းလည်း သူ့ရဲ့ မိဘနှစ်ပါးက ပြောခဲ့ ပါသေးတယ်။ ဒီနှစ်မိုးရာသီဖျော်ဖြေပွဲမှာတော့ မင်းရွှေရောင်တင် ဦးဆောင်ကပြခဲ့တဲ့ ရိုးရာ အမွေ အော်ပရာကိုလည်း ပရိသတ်တွေအနေနဲ့ ကြည့်ရှုခဲ့ကြပြီးဖြစ်ပါတယ်။ မင်းရွှေရောင်တင်က မျှော်စင် ကျွန်းမိုးရာသီဖျော်ဖြေပွဲကပြပြီးတိုင်းပြုလုပ်လေ့ရှိတဲ့ အလှူတစ်ခုရှိပါတယ်။ ဒီအလှူကတော့ သူ ကပြရင်း ပရိသတ်တွေကဆုချတဲ့ ဆုငွေတွေကိုစုပြီး မိဘမဲ့ကလေးတွေကို ပြန်လည်လှူဒါန်းတာပဲဖြစ်ပါ တယ်။ ဒီနှစ်မှာလည်း အရင်နှစ်များလိုပဲ ပြန်လည်လှူဒါန်းဦးမှာဖြစ်တယ်လို့ သိရပါတယ်။

”သားမျှော်စင်ကျွန်းမှာကပြရတာပျော်တယ်။ သားမျှော်စင်ကျွန်းမှာကရင်း ရရှိခဲ့တဲ့ ဆုငွေတွေကို သား ပြန်လည်လှူဒါန်းမှာပါ။ သားစာကြည့်တိုက်လည်း လှူထားပါတယ်။ မိဘမဲ့ ကလေးကျောင်းမှာ ကိုကို ညီမလေးတွေအတွက် သားသွားလှူမယ်။ သား နောက်နှစ်ကျရင် လည်း မျှော်စင်ကျွန်းမှာ ကပြပါဦးမယ်။ မျှော်စင်ကျွန်း ၃လအတွင်းမှာ အားပေးခဲ့တဲ့ ပရိသတ်ကြီးကိုလည်းကျေးဇူးတင်ပါတယ်” လို့ မင်းရွှေ ရောင်တင်ကပြောပြခဲ့ပါတယ်။ သူကအရင်နှစ်ကတော့ ဆုရရှိခဲ့တဲ့ဆုငွေ တွေ ကိုစုပြီး မင်းရွှေရောင်တင်နာမည်နဲ့ စာကြည့်တိုက် လှူဒါန်းခဲ့ပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here