ဘယ်ကာလ လောက်မှာ တစ်ကိုယ်တော် စီးရီးခွေ ထွက်ဖြစ်မလဲ စိုင်းစည်တွမ်ခမ်း

0
346

ကောင်းကောင်းရဲ့ ‘အဆိုးထဲကအကောင်း’ စီးရီးခွေထဲမှာ သီချင်း ၂ ပုဒ်ပါဝင်သီဆိုထားတဲ့ စိုင်းစည်တွမ်ခမ်းက သူ့ရဲ့ Offical ဂီတလမ်းစပြီ လို့ဆိုပါတယ်။ ကိုယ်တိုင်လည်း သီချင်းတွေရေးဆိုဖြစ်နေတဲ့ စိုင်းစည်တွမ်ခမ်း ရဲ့ ဆန္ဒက…

”သီချင်းက စုထားတာ ၃ ပုဒ်၊ ၄ ပုဒ်လောက်ရှိနေပြီ။ ကိုယ်တိုင်လည်း ကျွန်တော်ရေးရေးထားတာလေးတွေရှိတယ်။ ကိုကောင်းနဲ့ တစ်ပုဒ်ကတော့ အခွေထဲမှာပါသွားတာပေါ့နော်။ ကျွန်တော့်ဘာသာ ကျွန်တော်လည်း Page မှာ သီချင်းလေးတစ်ပုဒ်တင်ဖူးတယ်။ အခုက အခွေထဲမှာ အဆိုတော်ကြီးနဲ့ တွဲပြီးဆိုရတာ ပထမဦးဆုံးပါပဲ။ အခွေထွက်ဖို့ဆိုတာကတော့ သူနဲ့ ကိုက်ညီ တဲ့ သီချင်းလေးတွေလည်း ရှိရမယ်။ ကိုယ့်ကို အားပေးတဲ့ ပရိသတ်ကလည်း ရှိသင့်တယ်ပေါ့နော်။ ပြီးရင် ကိုယ့်ကိုယ်ကိုယ်လည်း စိတ်တိုင်းကျရမယ်။ ဒါတွေအားလုံးပြည့်စုံရင် ထုတ်မယ်လို့ ကျွန်တော်စိတ်ကူးထားပါတယ်ဗျ။ အမှတ်တရပေါ့” လို့ သူကပြောပါတယ်။
ဂီတဘက်ကို ဦးတည်သွားဖြစ်နေတော့ သရုပ်ဆောင်ဘက်မှာကော ဘယ်လိုပုံစံတွေနဲ့ ချပြဖို့ရှိမလဲလို့ဆိုတော့…

”အဓိကက အွန်လိုင်းဘက်ကို သွားဖြစ်မယ်ဗျ။ အွန်လိုင်းပေါ်မှာ ကျွန်တော် Short Video လေးတွေ ရိုက်မယ်။ ကျွန်တော့်အဖွဲ့ရှိပါတယ်။ နောက်ပိုင်းတကယ်လို့ အဖွဲ့ကလည်း တောင့်လာပြီ။ ဇာတ်လမ်း၊ ဇာတ် ကွက်လည်း ကောင်းလာပြီ။ ကိုယ်လည်း လုပ်နိုင်ပြီဆိုလို့ရှိရင် ဇာတ် ကားအထိ ဝိုင်းပြီးရိုက်ကူးကြဖို့ ဆန္ဒရှိပါတယ်” လို့ စိုင်းစည်တွမ်ခမ်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here