အနည်းငယ် ပျောက်နေတာတတိယမြောက် တစ်ကိုယ်တော်အခွေ လုပ်နေလို့ပါထွန်းရတီ

0
324


ထွန်းရတီ ဘာလုပ်နေလဲ။ သူ့သီချင်းတွေမကြားရတာကြာပြီ။ ကောင်းကောင်းရဲ့ ပရိုမိုးရှင်းမှာ လာရောက်ဝန်းရံ ပေးတုန်းမေးဖြစ်တော့..

”တော်တော်များများက ရတီ့ကို ပျောက်နေကြတယ်ပြောကြတယ်။ ရတီ့ရဲ့ တတိယတစ်ကိုယ်တော် စီးရီး ခွေအတွက်ပြင်ဆင်နေပါတယ်။ တတိယစီးရီးခွေက ရတီ နောက်နှစ်ထဲမှာ ထွက်မယ်ပေါ့နော်။ တစ်လပိုင်း(သို့မဟုတ်)နှစ်လပိုင်းထဲမှာ ထွက်ဖို့လုပ်ထားပါတယ်။ သီချင်းတွေကို အကောင်းဆုံးပြင်ဆင်ထားတယ်။ အသည်းကွဲသီချင်းတွေများပါ တယ်။ ပရိသတ်လည်း အားပေးကြပါဦးလို့။ ရတီအကောင်းဆုံး ကြိုးစားထားပါတယ်” လို့ ထွန်းရတီက ပြောပါတယ်။ အခုလို အရာရာ ဈေးနှုန်းကြီးမြင့်နေတဲ့ခေတ်ကြီးမှာ ရတီတို့လို အဆိုတော်တွေအနေနဲ့ အခွေထွက်ရတာ အခက်အခဲ တွေရှိမှာပေါ့လို့ဆိုတော့…

”အခွေတစ်ခွေဖြစ်ဖို့ဆိုတာ တကယ်မလွယ်တာ ပါ။ နားထောင်လိုက်ရင်တော့ ၃ မိနစ်၊ ၄ မိနစ်စာ လေးပါ။ တအားမြန်တယ်။ တကယ်တမ်းလုပ်ရတဲ့ အချိန်မှာ ငွေရော၊ အချိန်ရော၊ လူရော တအားကိုပင် ပန်းပါတယ်။ အကုန်လုံးပေါ့” လို့ ထွန်းရတီကပြောပါ တယ်။

ထွန်းရတီက ‘အချစ်များစွာယူ’ သီချင်းနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် မလေးဖြစ်ပြီး ‘အချစ်များစွာယူ’ ၊ ‘ချစ်ပြီးသားပါ’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ နှစ်ခွေထွက်ရှိထားသူ ဖြစ်ပါ တယ်။ ဒီကြားထဲမှာ ထွန်းရတီပျောက်နေတာက စီးပွားရေးဘက်ကို ခြေဦးလှည့်ဖြစ်နေတာလား လို့ဆိုတော့ ”စီးပွားရေးလုပ်ချင်တယ်။ ဒါပေ မဲ့ မလုပ်ဖြစ်သေးတာ။ အခုတော့ တတိယ အခွေဘက်ကိုပဲ အပြည့်အဝ အာရုံ စိုက်ထားတယ်။ ပြီးတော့မှ စီးပွားရေး ဘက်ကို သွားဖြစ်မယ်ထင်တယ်”လို့ သူမက ပြောပါတယ်။

ကိုယ်တိုင်လည်း Music Video တွေမှာ သရုပ်ဆောင်နေတာဆို တော့ သရုပ်ဆောင်ဘက်ကိုကောသွား ဖို့ ရှိမလားလို့မေးတဲ့အခါ…

”မသွားဖြစ်သေးဘူး။ သီချင်းပဲ ဆိုမယ်။ တကယ်တမ်းစဉ်းစားလိုက်တဲ့ အချိန်မှာ သီချင်းဆိုရတာကိုပဲ ပို ဝါသနာပါတယ်။ ကြိုက်တယ်လေ” လို့ ထွန်းရတီကပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here