တင်ဇာမော်ရဲ့ လေးစားစရာ အချက်တွေကို ပြန်လည် ပြောပြတဲ့ မီးနို

0
232

တင်ဇာမော်ရဲ့ 7 Concert Show မှာ တင်ဇာမော်နဲ့အတူတူတွဲ ပြီးသီဆိုခဲ့ရတဲ့ မီးနိုကို တင်ဇာမော်နဲ့ ပတ်သက်လို့ အနည်းငယ်မေးဖြစ်ခဲ့ ပါတယ်။ ကိုယ့်ရှေ့က စီနီယာအဆို တော်ကြီးရဲ့ လေးစားစရာအချက် တွေကဘာလဲ။ ဘာကြောင့်လေးစား တာလဲဆိုတာကို မီးနိုက..

”ပရိသတ်တစ်ယောက်ပြော ထားတာလေးရှိတယ်။ အမြင့်ဆုံး Key ကို သီဆိုနိုင်တာ မီးနိုနဲ့ မတင် ဇာမော်နဲ့ ၂ယောက်ပဲရှိတယ်ဆိုပြီး ရေးထားတာကို ဝမ်းသာမိတယ်။ သူငယ်ချင်းတွေဆိုလို့ရှိရင် နင်က ဝက်ဆီလည်းစားတယ်။ ရေခဲရေလည်း သောက်တယ်။ ဒါပေမဲ့ အမြင့်ဆုံး Key ကိုသီဆိုနိုင်တယ်။ အသံထွက် တယ်။ အော်နိုင်တယ်။ အဲဒီလိုမျိုး ဘယ်လောက်ပဲ ချီးကျူး၊ ချီးကျူး မတင်ဇာမော်အသံကြား လိုက်တာနဲ့ ကိုယ်က အမှိုက်သေးသေးလေးလို ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကကိုယ့်ထက် အများကြီးစီနီယာ ကျတယ်။ သူ့ရဲ့ အသံပါဝါတွေက ကြည်ပြီးတော့ပြတ်တယ်။ ပြီးတော့ သူက သပ်သပ်ရပ်ရပ် နဲ့သီဆိုတတ်တဲ့ အဆိုတော်ဆိုတော့ မီးနို တအားကြိုး စားပြီးလိုက် သီဆိုရတယ်။ ပြီးတော့ သူ့ကိုလေးစားတဲ့အချက်က သူဂျူနီ ယာတွေအကုန်လုံးကို လက်တွဲခေါ် သွားတယ်။ အဲဒီအချက်လေးကို အရမ်းသဘောကျတယ်” လို့ ပြောပါ တယ်။ မီးနိုရဲ့ တစ်ကိုယ်တော် အခွေ ထွက်ထားတာ ၆ လ လောက်ရှိသွား ပြီဆိုတော့ အဲဒီရဲ့ Feed Back ကကောလို့ဆိုတော့ ”ပရိသတ်တွေ တော်တော်များများအားပေးကြတာ အများကြီးတွေ့တယ်။ ပွဲတွေမှာ သွားဆိုလို့ရှိရင်လည်း အနှောင် အဖွဲ့တို့၊ ငါ့ကိုချစ်ရင်တို့ တောင်းတာ များတယ်။ ဘာပဲဖြစ်ဖြစ်ပွဲတွေမှာ သွားဆိုရတာ တကယ့်ကို စိတ်ချမ်းသာ ရတယ်” လို့ မီးနိုကပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here