မင်းသွေးအတွက် အလှူအတန်းတွေ ပြုလုပ်ပေးနေတဲ့ စည်ဖြိုး

0
213

သရုပ်ဆောင်စည်ဖြိုးက ကွယ်လွန်သူ သရုပ်ဆောင်၊ အဆိုတော်မင်းသွေးကို ရည်စူး ပြီးတော့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ဘိုးဘွားများအတွက် အလှူငွေကျပ် ၁၃ သိန်း မတည် လှူဒါန်းသွားမှာဖြစ်ပါတယ်။ အဲဒီလို လှူဒါန်းမှုနဲ့ပတ်သက်ပြီး မေးကြည့်တဲ့အခါမှာတော့ စည်ဖြိုးက…

”ကျွန်တော် ကိုမင်းသွေးရဲ့ ရက်လည်ကနေ အိမ်ကိုအပြန်မှာ ကျွန်တော့်ခေါင်းထဲကနေ ဒီလို အလှူလေးပေါ်လာတာပါ။ အစောကြီးကတည်းက ဒီသက်ကြီးပူဇော်ပွဲအတွက် ကျွန်တော့်ကို ဦးဝင်းမြိုင်က အလှူခံဖူးတယ်။ အလှူခံဖူးလို့ ကျွန်တော် ဦးဝင်းမြိုင်နဲ့ ကျွန်တော် လှူခဲ့တဲ့ပုံလေး တင်ထားသေးတယ်။ အဲဒီတုန်းကလည်း ကျွန်တော် ၅ သိန်းလှူခဲ့ပါတယ်။ အဲဒါက ပြီးသွားပြီပေါ့။ အခုဒီအချိန်မှာ ကျွန်တော်စဉ်းစားမိတာက ဒါဟာသက်ကြီးဘိုးဘွားတွေကို တစ်ဦးချင်းစီလှူ လို့ရမယ့်အနေအထားလေးပေါ့။ အဲဒီအချိန်မှာ ကိုမင်းသွေးရဲ့ အဖြစ်အပျက်လေး နဲ့လည်း တိုက်ဆိုင်နေတာဖြစ်တဲ့အတွက် ကိုမင်းသွေးသာရှိရင် အနုပညာလောက၊ သဘင်လောကက သက်ကြီးဘိုးဘွားတွေကို ပိုပြီးတော့ လှူချင်မှာပဲဆိုပြီး ကျွန်တော်စဉ်းစားမိတယ်။ အဲဒါနဲ့ကျွန်တော်လည်းပါမယ်။ တစ်ဦးကို ၅ထောင် နှုန်း ၈ သိန်းခွဲကျွန်တော်လှူမယ်။ အဲဒီအချိန်မှာ ဘိုးဘွားတွေ တစ်ဦး ၅ ထောင်ကျပ်နှုန်းက တအားနည်းလွန်းတယ်လို့ ကျွန်တော့်စိတ်ထဲမှာထင်ခဲ့ တယ်။ အဲဒါနဲ့ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကျွန်တော် ပို့စ်လေးတစ်ခုတင်ခဲ့တယ်။ အဲဒီမှာနေရဲက ကျွန်တော်လည်းပါမယ်ဆိုပြီး ညီအစ်ကိုနှစ်ယောက် လုပ်ဖြစ်ခဲ့ကြတယ်။ အခုဆိုရင် ပရိသတ်တွေလှူတာ ကျပ်သိန်း ၂ဝ ကျော် သွားပါပြီ”လို့ ပြောပါတယ်။

ကွယ်လွန်သွားတဲ့ သရုပ်ဆောင် အဆိုတော်မင်းသွေးနဲ့ တအားခင်တဲ့ သူငယ်ချင်းတွေဖြစ်တဲ့အတွက် သူနဲ့ပတ်သက်ပြီး ဘယ်လိုအမှတ်တရတွေရှိခဲ့လဲလို့ မေးကြည်တဲ့အခါမှာတော့ စည်ဖြိုး က…

”ကိုမင်းသွေးက တအားစိတ်ထားဖြူစင်တဲ့သူပါ။ သူနဲ့ အမှတ်တရ တွေတော့ အများကြီးပဲ။ အမှတ်တရတစ်ခုက ကျွန်တော်နဲ့ သတ်ကွင်း ဇာတ်ကား ရိုက်နေတဲ့အချိန် အူကျတဲ့အချိန်မှာ ရေခဲလေးယူပေးပါဆို တော့ ကိုမင်းသွေးကယူပေးတယ်။ အဲဒီအချိန်မှာ ကျွန်တော်ကြည့် လိုက်တော့ သူ့ရဲ့အမြတ်တနိုးထားတဲ့လက်အိတ်နဲ့ ရေခဲတွေထည့်ထား တာကို ကျွန်တော့်ကိုပေးခဲ့တယ်။ အစ်ကိုရယ် ကျွန်တော်ငရဲကြီး ပါပြီဆိုတော့ ဘာဆိုင်လို့လဲတဲ့။ တော်တော်သဘောထားဖြူတဲ့ အစ်ကိုပါ”လို့ ကိုမင်းသွေးနဲ့ အမှတ်တရတွေကို စည်ဖြိုးက ပြောပြ ခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here