မင်းသွေးအတွက်ရည်စူးပြီးဘုရားထီးတော်တင် ကုသိုလ်ပြုပေးမယ့် ထူးအယ်လင်း

0
186

ရော့ခ်ကာကြီး ထူးအယ်လင်းကတော့ ဘုရားတည်၊ ပရဟိတတွေလုပ်ကိုင်ဖြစ်နေတာ တော်တော်လေးကြာနေပါပြီ။ အခုဆိုရင်လည်းြေ<ွက လွင့်သွားပြီဖြစ်တဲ့ မင်းသွေးအတွက် ရည်စူးပြီး ဘုရား ထီးတော်တင်ကုသိုလ်ပြုပေးဖို့ စီစဉ်နေပါတယ်။ သူကစကားပြောတာ ပြတ်သားပေမယ့် မင်း သွေးတော့ တော်တော်လေးချစ်ရှာပါတယ်။ မင်းသွေးကလည်း ပရဟိတသမားတစ်ယောက်ပဲလို့ ဆိုတဲ့ ထူးအယ်လင်းက…

”တော်တော်တော့ကြာပြီ။ သူနဲ့သိတာ။ မင်းသွေးနဲ့က တိုက်ကြီးမြို့နယ်၊ သဲဝါကျေးရွာ စေတီပြုပြင်မွမ်းမံတဲ့နေရာမှာ ပရဟိတအနေနဲ့ အသံအလှူရော၊ ငွေအားအလှူရော ကု သိုလ်လာပြုပေးခဲ့ဖူးတယ်။ သူကိုယ်တိုင်လည်း ပရဟိတသမားပဲလေ။ အဲဒီလိုဆုံးသွား တယ်ဆိုတော့ ရင်ထဲမကောင်းဘူးလေ။ အသေစောတယ်ပေါ့။ အားလုံးကတော့ သေကြမှာပါပဲ။ အစ်ကိုတို့အနေနဲ့ကတော့ သူ့ကိုလွမ်းဆွတ်ပြီးတော့ ပြောနေမယ့်အစား အလှူလုပ်ပေးလိုက်တာ က ပိုပြီးတော့ သင့်တော်မယ်လို့ မြင်တယ်လေ။ အဲဒါကြောင့်လည်း အနုပညာညီအစ်ကိုတွေနဲ့ တိုင်ပင်ပြီးတော့ စီစဉ်ဖြစ်တာ”လို့ ပြောပါတယ်။ ပြည်မြို့နယ်၊ ကုန်းတလင်းအုပ်စု၊ သဲဖြူ ကျေးရွာမှာရှိတဲ့ တောင်ပေါ်ဆုတောင်းပြည့် ရှေးဟောင်းစေတီလေးမှာ မင်းသွေးအတွက် ရည်စူးပြီး ထီးတော်တင်မှာဖြစ်ပါတယ်။ စေတီဥာဏ်တော်အမြင့်က ၃၂ တောင်၊ ရင်ပြင် အကျယ်က အတောင် ၄ဝ ပတ်လည်ရှိပြီး ထီးတော်သက်တမ်းမှာ နှစ်ပေါင်းတစ်ရာကျော်ရှိပြီလို့ သိရပါတယ်။

”သံသရာခရီးမှာပေါ့။ ဗုဒ္ဓဘာသာအယူအဆအရ သံသရာခရီးလမ်း လျှောက်လို့ကောင်း အောင် သူ့ကို အစ်ကိုတို့က သူ့နာမည်နဲ့ရော၊ တခြားအလှူရှင်တွေ နာမည်နဲ့ရော ခုနစ်ရက် သားသမီးများ(ရာဟုသားသမီးများ)၊ ဆိုင်ကယ်ချစ်သူများ၊ အနုပညာရှင်ညီအစ်ကိုမောင်နှမများ နဲ့ စုပေါင်းပြီးတော့ မင်းသွေးအတွက်ဆိုပြီးတော့ လှူလိုက်မယ်။ စေတီလည်း ပြုပြင်မွမ်းမံမယ် ပေါ့”လို့ ထူးအယ်လင်းက ပြောပါတယ်။ ထူးအယ်လင်းပြောတဲ့ မင်းသွေးအတွက် ဆု တောင်းစကားက …

”သူ့အတွက် ရည်စူးပြီး ရှေးဟောင်းစေတီမှာ ထီးတော်တင်ပြီး ကုသိုလ်ပြုကြမှာပါ။ သူ့ အတွက် စိတ်မကောင်းဖြစ်နေမယ့်အစား ကုသိုလ်ပဲရစေချင်တယ်။ ယောက်ျားတွေက ယောက်ျားပီသစွာနဲ့ ဖြစ်သင့်ရာ ဖြစ်ထိုက်ကြောင်းကိုပဲ စီစဉ်ဆောင်ရွက်မယ်။ မင်းသွေး ရောက်လေရာဘုံဘဝမှာ အစစအရာရာ ကောင်းမွန်ပါစေ”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here