ဘောလုံးကစားတာကို ချစ်မြတ်နိုးတဲ့ မင်းသွေးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

0
410


Original Gangsters FC နှင့် Actor Star FC တို့မှ ယုန်လေး၊ ဇာနည် ဦးဆောင်ပြီး သရုပ်ဆောင် အဆိုတော် မင်းသွေးအတွက် အနု ပညာရှင်၊ ရုပ်ရှင်ဂီတမှ ညီအစ်ကို မောင်နှမများနှင့် သူချစ်သော ဘော လုံးအားကစား အသိုင်းအဝိုင်းမှ ညီ အစ်ကိုများ စုပေါင်းပြီး ဝမ်းနည်း ခြင်းအထိမ်းအမှတ် အမှတ်တရဆု တောင်းပွဲကို အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲက သုဝဏ္ဏ လေ့ကျင့်ရေးဘောလုံးကွင်းမှာ ပြု လုပ်ခဲ့ပါတယ်။


ဒီပွဲမှာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ မင်းသွေးအတွက် အလှူ ငွေ ၂ဝ ကျပ်၊ Ve Ve မိသားစုမှ အလှူငွေကျပ် ၁၅ သိန်းတို့ ပေးအပ် လှူဒါန်းခဲ့ပါတယ်။ ဒီအလှူငွေထဲမှ မင်းသွေးအတွက် ရည်စူးပြီး ဘုရား ထီးတင်ရန် ထူးအယ်လင်း ပရဟိတ အဖွဲ့ကို အလှူငွေကျပ် ၁ဝ သိန်းကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဒါရိုက် တာကိုပေါက်နဲ့ ပန်းချီဆရာတစ်ဦး တို့မှ မင်းသွေးပုံတူပန်းချီ ကားချပ်ကို ပေးအပ်ရာ သားညီနဲ့ ညီမင်းခိုင် တို့က လက်ခံရယူခဲ့ပါတယ်။ အဲဒီ နောက်မင်းသွေးအတွက် ဝမ်းနည်း ခြင်းအထိမ်းအမှတ်အနေနဲ့ တစ်မိနစ် ငြိမ်သက်ခဲ့ပါတယ်။ ဒီပွဲနဲ့ ပတ်သက် ပြီး Actor Star ရဲ့ အသင်းခေါင်း ဆောင် ဇာနည်က …


”ကျွန်တော်တို့ Actor Star အမေ အသင်းမှာ ကျွန်တော့်ညီ မင်းသွေး စကစားတာ တော်တော်ကြာခဲ့ပြီ။ နိုင်ငံရပ်ခြားရော၊ မြန်မာပြည်အနှံ့ ရော တော်တော်စုံခဲ့ပါပြီ။ တကယ့်ကို ညီအစ်ကိုလို၊ မိသားစုတွေလို နေခဲ့တဲ့ ကျွန်တော့်ညီတစ်ယောက် ဆုံးရှုံးသွားတယ်။ အဲဒါကြောင့် ဘောလုံးအဖွဲ့အနေနဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်လေးလုပ်ပေးတာပါ” လို့ ပြောပါတယ်။ ဒီပွဲမှာ အားလုံးက မင်းသွေးအမြဲတမ်းကစားနေကျ ကျောနံပါတ် ၇ ကို ဝတ်ဆင်ခဲ့ကြပြီး ပါဝင်ကစားခဲ့ကြပါတယ်။ မင်းသွေး နဲ့ပတ်သက်ပြီး သူငယ်ချင်းဖြစ်သူ ကျော်ကျော်ကလည်း …

 

”မင်းသွေးက ဘောလုံးအား ကစားကို ချစ်မြတ်နိုးတဲ့မင်းသား တစ်လက်ဖြစ်သလို ဘောလုံး ကစားနေရင်းနဲ့ပဲ သေဆုံးသွား တဲ့အတွက် ကြောင့်မို့လို့ ဒီနေ့ အထိမ်းအမှတ်ပွဲ လုပ်ပေးတာပါ။ အနီရောင်အသင်းနဲ့ ခဲရောင်အသင်း နှစ်ဖက်စလုံးမှာ မင်းသွေးဆိုတဲ့ နာမည်နဲ့ နံပါတ် ၇ ကို အားလုံး ဝတ်ဆင်ပြီးတော့ ကစားမှာဖြစ်ပါ တယ်။ သူဘောလုံး သေချာ ကန်ခဲ့တဲ့ Actor Star အမေ အသင်းမှာ မင်း သွေးနံပါတ် ၇ ကို ရာသက်ပန်အနား ပေးလိုက်မှာဖြစ်ပါ တယ်”လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here