အယ်ဒီတာ့ဘဝ အယ်ဒီတာ့ကမ္ဘာ (၂)

0
130

ယခင်အပတ်မှအဆက်

အယ်ဒီတာဘဝမှာ လေးစား အားကျရဆုံး စံထားရတဲ့ အယ်ဒီ တာများအကြောင်းနှင့် စံထားရတဲ့ မဂ္ဂဇင်းများအကြောင်းကို ဆရာ မောင်သစ်လွင်(လူထု)က အခုလို ဆက်လက်ပြောပြထားပါတယ်။
လေးမြတ်စွာ အစီရင်ခံပါသည် ကိုသစ်လွင် ခင်ဗျား။
လာမည့်ဒီဇင်ဘာလထုတ် စန္ဒာ ရုပ်စုံမဂ္ဂဇင်းအမှတ် ၅၇ တွင် ကိုသစ် လွင် ရေးသားပေးပို့ထားသော ‘မင်း တုန်းမင်းလက်ထက်နန်းတွင်း ပုံနှိပ် စက်’ဆောင်းပါးကို ထည့်သွင်းအသုံး ပြုရန် လျာထားပြီး ဖြစ်ပါသည်။
တတ်နိုင်ပါက လက်လှမ်းမီ သော ထိုပုံနှိပ်စက်များကို (အလျင် အမြန်) ဓာတ်ပုံရိုက်ကူးပေးပို့ပါရန် အစီရင်ခံပါသည် ခင်ဗျား။

လေးစားစွာဖြင့်
တင့်တယ်

ဆရာပြည့်စုံ
အယ်ဒီတာချုပ် ဆရာပြည့်စုံက လည်း သူ့သွေးသောက်မဂ္ဂဇင်း တစ် ရှိန်ထိုးတက်နေတဲ့အချိန်မှာ လွတ် လပ်ရေးနေ့အထူးထုတ်ထုတ်တဲ့အ ပြင် တိုင်းပြည်က မမေ့မလျော့ တာ ဝန်ထမ်းနိုင်ကြစေဖို့ ဗိုလ်ချုပ်အောင် ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည်ရဲ့ သဝဏ် လွှာကို အမိအရ အဓိကထားတောင်း ဆိုပြီး မဂ္ဂဇင်းမျက်နှာစာမှာ ဖော်ပြ ခဲ့တယ်။ အဲဒါ ၁၉၅၁ ခုနှစ် ဇန်နဝါရီ လထုတ် သွေးသောက်မဂ္ဂဇင်းအမှတ် ၆ဝ မှာ ဖော်ပြခဲ့တာပါ။

၂ဝဝ၅ ခုနှစ်ရောက်ပြန်တော့ ‘ကိုသစ်လွင်’ဆီက စာမူလိုချင်သတဲ့။ အမယ်လေးဗျ၊ ‘ဆရာသစ်လွင်’တဲ့၊ ဆရာရယ် – ကျွန်တော်မခံနိုင်ပါဘူး။

လွတ်လပ်ရေးနေ့ သဝဏ်လွှာ
လွတ်လပ်ရေးဗိသုကာကြီးတစ်ဦးဖြစ် သူ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်ထံမှ

တတိယအကြိမ်မြောက် လွတ် လပ်ရေးနှစ်ပတ်လည်နေ့ကြီးတွင်၊ လွတ်လပ်သော ပြည်ထောင်စုကြီး ၏ ငြိမ်းချမ်းသာယာတိုးတက်စည် ကားရေးကို အဓိကမဏ္ဍိုင်သဖွယ် ပြုလျက်၊ နိုင်ငံတော်သူ နိုင်ငံတော် သားတိုင်းသည်၊ သက်ဆိုင်ရာကျ ရောက်သည့် တာဝန်ဝတ္တရားများကို မိမိတို့ တိုင်းပြည်အဖို့သာ အာရုံ စူး စိုက်ရင်း၊ ကိုယ်ကျိုးမဖက်ဘဲ မေတ္တာ ရှေ့ရှုတည်ကြည်ဖြောင့်မတ်စည်းရုံး ညီညာစွာဖြင့် အစွမ်းကုန်ကြိုးစား ထမ်းဆောင်နိုင်ကြပါစေသတည်း။

လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်ကြာ စွာတည်တံ့ပါစေသော် –

ခင်ကြည်
၂ဝ-၁၁-၅ဝ
(သွေးသောက်မဂ္ဂဇင်း ၁၉၅၁ ခု ဇန်နဝါရီလ အမှတ် ၆ဝ)

၈-၂-၂ဝဝ၅

ဆရာသစ်လွင်

၂၄-၁-ဝ၅ ပြန်စာကိုရလို့ ကျေး ဇူးတင်ရပါတယ်


တက္ကသိုလ်စာကြည့်တိုက်ကိုပဲ ရှာကြည့်ရတော့မှာပဲ။
သွေးသောက်ကို လစဉ်ထွက် နိုင်အောင်လို့ အစီအစဉ်လုပ်နေပါ တယ်။
ကိုသစ်လွင်ဆီကလည်း စာမူ လိုချင်တယ်။ ရေးပါဦး။

ပြည့်စုံ

လူထုဒေါ်အမာ

ကျွန်တော်စံထားရတဲ့ ကျွန် တော့်ရဲ့ လက်ဦးဆရာ ဦးလေးလူထု ဦးလှရဲ့ သင်ပြညွှန်ပြချက်များကို အ ထက်မှာ ဖော်ပြခဲ့ပြီးတဲ့နောက် အခု တစ်ခါ ကျွန်တော်စံထားရတဲ့ လူထု သတင်းစာနဲ့ ဂျာနယ်အယ်ဒီတာ ဒေါ်ဒေါ် လူထုဒေါ်အမာရဲ့ ခိုင်မာ တဲ့ ရပ်တည်ချက် ယုံကြည်ချက်ကို စံ တစ်ခုဖော်ပြချင်ပါတယ်။ အဲဒီ စံကို တော့ ၁၉၅၃ ခုနှစ် နိုဝင်ဘာလ ထုတ် လူထုဂျာနယ်မှာ ဒေါ်ဒေါ်က ‘သိနားလည်ရေး ညီညွတ်ရေး’ဆိုတဲ့ ခေါင်းကြီးပိုင်းရေးပြီး ပြသွားခဲ့ပါ တယ်။

အဲဒီခေါင်းကြီးပိုင်းရဲ့အစမှာ ”၇-၁ဝ-၅၃ ရက်နေ့က မန္တလေးရဲ့ ဘက်နှင့် အထူးစုံစမ်းထောက်လှမ်း ရေးဘက်မှ အရာရှိကြီးများက ကျွန်ုပ် တို့ တာဝန်ခံအယ်ဒီတာ လူထုဦးလှ အား ပုဒ်မ (၅) ဖြင့် ဖမ်းဆီးခေါ် ဆောင်သွားရာ ယနေ့တိုင် မည်သို့ သော အခြေအနေအကြောင်း ကြောင်းကြောင့် ဖမ်းဆီးချုပ်နှောင် ခြင်းပြုသည်ကို ဆိုင်ရာမှ ဖြေရှင်းမပြ သဖြင့် ကျွန်ုပ်တို့ မသိရသေးပေ”လို့ ရေးပါတယ်။ နောက်ဆုံးမှာတော့ –

”ကျွန်ုပ်တို့အနေနှင့် သော်ကား၊ ကျွန်ုပ်တို့၏ ယုံကြည်ချက်အတိုင်း အမျိုးသားညီညွတ်ရေးသွေးစည်းရေး မှတစ်ဆင့် ဗမာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့ ငြိမ်းချမ်းရေးရရှိတည်မြဲစေမှုအတွက် တာဝန်ခံအယ်ဒီတာအချုပ်အနှောင် ခံနေရသည်ပင်ဖြစ်သော်လည်း၊ ဖြောင့်မှန်သောစေတနာဖြင့် ဆက် လက်ရေးသားလုပ်ဆောင်သွားမည် ပင်ဖြစ်ပါသတည်း”လို့ ရေးပါတယ်။

ဒီခေါင်းကြီးပိုင်းဖော်ပြတဲ့အခါ ‘တာဝန်ခံအယ်ဒီတာ’နေရာမှာ ကွက် လပ်ချန်ဖော်ပြထားပါတယ်။ တွဲဖက် အယ်ဒီတာနေရာမှာတော့ ‘ဒေါ်အ မာ’တဲ့။
ဆရာ ဒဂုန်တာရာရဲ့ တာရာ

၁၉၄၆ ခုနှစ်မှာပဲ ဆရာဒဂုန် တာရာက တာရာမဂ္ဂဇင်းထုတ်တယ်။ အယ်ဒီတာနာမည်ကျတော့ ဌေးမြိုင် တဲ့။ ဆရာ့ရဲ့ နာမည်ရင်းပါပဲ။ ဒီမဂ္ဂ ဇင်းက မျိုးဆက်သစ်တွေအတွက် မျိုး စေ့ချပေးရာမှာ စံထားလောက်ပါ တယ်။ အဲဒီခေတ်လူငယ်တွေက တာ ရာကို စွဲစွဲလမ်းလမ်းဖတ်ကြတယ်။

တာရာမဂ္ဂဇင်းမှာ ဝင်ရေးကြ တဲ့ ကလောင်တွေကလည်း ထိပ်တန်း ကလောင်တွေပါတယ်။ သခင်သန်း မြိုင်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ သူရိယ ကန္တိ၊ ငွေတာရီ၊ ဟင်္သာတချစ်ဦး၊ ကြည်အေး၊ မောင်စည်သူ၊ မန်းတင်၊ မောင်ထင်၊ သိပ္ပံစိုးရင်၊ တင့်ဆွေစတဲ့ စာရေးဆရာတွေ ရေးကြတယ်။

ရေးကြတဲ့အကြောင်းအရာ မဂ္ဂ ဇင်းမှာ ဖော်ပြတဲ့ အကြောင်းအရာ တွေကလည်း သစ်လွင်တယ်။ လူကို လေ့လာခြင်း၊ ကလေးလမ်းညွှန်၊ ဂီတ၊ ယဉ်ကျေးမှုသစ်၊ အာရှတော် လှန်ရေး၊ ဝေဖန်စာ၊ ရှမ်းပြည်သမိုင်း၊ တိုက်ပွဲ၊ အတွေးသစ်၊ ပြင်သစ်စာပေ၊ အီဂျစ်စာပေ၊ ပန်းချီ၊ ခေတ်ပြကြေး မုံ၊ မော်စီတုံးရဲ့ ဒီမိုကရေစီသစ်၏ ယဉ်ကျေးမှုစသဖြင့် စုံတယ်။ ဒီတော့ တာရာမဂ္ဂဇင်းနဲ့ ဆရာဒဂုန်တာရာကို လည်း စံထားတယ်။ ကျွန်တော်တို့ တောင်းတော့လည်း ဆောင်းပါးရေး ပေးတာပဲ။

မြဝတ်ရည်မှ ရွှေဝတ်ရည်သို့

လွန်ခဲ့သောအနှစ် ၄ဝ ကျော်က မြဝတ်ရည် (၁၉၄၈) ဟူသော အမည် ဖြင့် ဝတ္တုတစ်ပုဒ်ရေးခဲ့သည်။ ထို ခေတ်ပြည်တွင်းစစ်အတွင်း အပြေး အလွှားကာလ (သူပုန်လက်ထဲမှ အစိုးရတပ်က ပြန်သိမ်းစဉ်) သာယာ ဝတီဘက်မှ ပြေးလာသော မိခင် လောင်းတစ်ဦး ရန်ကုန်ပြေးအလာ၌ ကုန်တင်ကားပေါ်တွင် ကလေးတစ် ယောက် မွေးဖွားလိုက်သည်။ ယင်း အသစ်မွေးဖွားခြင်းကို ကျွန်တော်က မြဝတ်ရည်ဟုတင်စားကာ ဝတÄု အမည်ပေးလိုက်ခြင်းဖြစ်သည်။

ကျွန်တော့်မှာ ရွှေဝတ်ရည်ကို ဖတ်ရင်း မြဝတ်ရည်ကို သွား၍ သတိ ရနေသည်။

ဒဂုန်တာရာ
(ရွှေဝတ်ရည်မဂ္ဂဇင်း အမှတ် ၄၊ ၁၉၉ဝ)

ဆရာအဝကျွန်းချစ်မောင်နဲ့
ဆရာမ တင်တင်ဦး

နောက် ကျွန်တော်စံထားတဲ့ စာနယ်ဇင်းနဲ့ အယ်ဒီတာကတော့ ‘စောင့်ကြည့်သတင်းဂျာနယ်’နဲ့ အယ် ဒီတာပါပဲ။ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း မှာတော့ ၂ဝဝ၁ ခုနှစ်ကစပြီး ကျွန် တော်ရေးခဲ့ပါတယ်။ မဂ္ဂဇင်းနဲ့ ဂျာ နယ်ရပ်တည်ချက်ကို ကျွန်တော်သ ဘောကျလို့ ရေးခဲ့တာဖြစ်တယ်။ ကျွန်တော်ရေးသမျှကို ဖော်ပြပေးကြ တယ်။ စာရေးတဲ့သူဆိုတာ ကိုယ်ရေး ချင်တာရေးတာကို လက်ခံဖော်ပြ ပေးရင် ကျေနပ်ကြစမြဲ ဝမ်းသာစမြဲ ပါပဲ။ ကိုယ်ရေးချင်တာ ရေးလိုက်လို့ လက်ခံဖော်ပြပေးပေမယ့် စိစစ်ရေး က မကြိုက်လို့ ဖြုတ်ခိုင်းလို့ ဖြုတ်ပေး ရတာလည်း ရှိတာပဲ။ မဂ္ဂဇင်းထဲ ရိုက်ပြီးမှ ဖြုတ်ရတာ အင်မတန်နာပါ တယ်။
မဂ္ဂဇင်းအယ်ဒီတာခမျာမှာဖြင့် ဘယ်လောက်ပဲ ကြေကွဲစွာခံစားရပေ မယ့် စာရေးသူစာရေးဆရာအပေါ် အလေးအနက် လေးစားသမှုပြုတတ် တာကိုတော့ ကျွန်တော်က စံထား တယ်။ ဂုဏ်ယူမှတ်တမ်းတင်ချင် တယ်။ ကြည့်တော့လေ – ဆရာမ တင်တင်ဦးရဲ့ စာ။
၉-၁-၂ဝဝ၎
ဆရာရေ –
စာရေးလိုက်ပါတယ်။
ဆရာ့ဆောင်းပါး ”ဟိုဟာနည်း နည်း ဒီဟာနည်းနည်း”က ၂ဝဝ၄ ဖေဖော်ဝါရီလထုတ်မှာ စာပေစိစစ် က ဖြုတ်လိုက်ပါတယ်။
ဆောင်းပါးလေးက ကောင်း တယ်။ ဆရာ့သရော်စာက မိတယ်။ ဒါကြောင့်မို့ စာပေစိစစ်ရေးက ဖြုတ် လိုက်တာထင်တယ်။
ဒါပေမဲ့ မရေးဘဲ မနေပါနဲ့ ဆရာ။ အဲဒီ – ”ဟိုဟာ နည်းနည်း တို့တို့ ထိထိ” ရေးပေးပါဦး။ တစ်ခါ တလေဖြုတ်ပေမယ့် တစ်ခါတလေကျ တော့ မဖြုတ်ပါဘူး။ သူတို့က အမှန် မရှိပါဘူး။ ဒါကြောင့်မို့ ဆက်ပြီး ရေး ပေးပါဦးဆရာ။
ဆရာသိမ်းထားလို့ရအောင် COPY ကူးပေးလိုက်ပါတယ်။
လေးစားစွာဖြင့်
တင်တင်ဦး
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
နေမကောင်းတဲ့ကြားကနေ မေးခွန်းတွေဖြေပေးတဲ့ ဆရာကြီး မောင်သစ်လွင်လူထုကို ကျေးဇူးအထူးတင်ပါတယ်။

ညိုသစ်ငယ်


LEAVE A REPLY

Please enter your comment!
Please enter your name here