Miss World 2018 ပြိုင်ပွဲအတွက်ထိုင်းနိုင်ငံမှာ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တဲ့ဟန်တီ

0
319

Miss Myanmar World 2018 အလှမယ်ဟန်တီက ပြိုင်ပွဲအတွက် Top Model Catwalk ၊ အဆို၊ အကနဲ့ အလှမယ်တစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့အနေအထိုင်အပြောအဆိုပိုင်းတို့ကို ထိုင်းနိုင်ငံ Superstar College Asia မှာ တက်ရောက်သင်ယူခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ပြိုင်ပွဲအတွက် လေ့ ကျင့်သင်ယူဖြစ်ပုံကိုတော့ ဟန်တီက . . .

”မိတ်ဆွေတစ်ယောက်ရဲ့ ကူညီမှုနဲ့ Superstar College Asia မှာ သင်ယူခွင့်ရခဲ့ပါတယ်။ အချိန်တိုအတွင်း သင်ခဲ့ရပေမယ့် နည်းစနစ်တွေအ ခြေခံကစပြီးသိခွင့်ရခဲ့တဲ့အတွက် သွားရောက်ယှဉ်ပြိုင်ရမယ့် Miss World ပွဲ ကြီးအတွက် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုတွေလုပ်ဆောင်ရမလဲဆိုပြီး ယုံကြည်မှုရှိ လာပါတယ်။ ရန်ကုန်မှာတော့ Dance of the world အတွက် ဘားအံက ကရင်ဆရာနဲ့ ကရင်အကကျင့်ဖြစ်တယ်”လို့ပြောပါတယ်။ ဒါ့အပြင် အလှမယ် ဟန်တီက Sport Challenge အတွက် အပြေး၊ ရေကူးနဲ့ အိပ်ထမတင် စတဲ့အားကစားနည်းတွေကိုလည်း လေ့ကျင့်သွားမှာဖြစ်သလို Question and Answer အတွက်လည်း လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။

အလှမယ် ဟန်တီက Miss World 2018 ပြိုင်ပွဲကြီးမှာပါဝင်တဲ့ Beauty with purpose project တစ်ခုဖြစ်တဲ့ Education is important project ကို နေပြည်တော်ဥယျာဉ်ကျေးရွာက လိုအပ်တဲ့ကျောင်းလေးမှာ သွားရောက် ကူညီလှူဒါန်းပြီး ရိုက်ကူးရေးလုပ်ဖြစ်ခဲ့ပါတယ်။ ဧရာဝတီတိုင်း၊ အေးရွာက မူလတန်းကျောင်းဆောက်လုပ်ဖို့အတွက် အလှူငွေကျပ် ၁ဝ သိန်းနဲ့ စာရေးကိရိယာများ၊ မုန့်များကိုလည်း သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။

Miss World ပြိုင်ပွဲကြီးဟာ ကမ္ဘာမှာ ပထမဆုံးကျင်းပခဲ့တဲ့ အလှမယ် ပြိုင်ပွဲကြီးဖြစ်ပြီး ယခုနှစ် ၆၈ ကြိမ်မြောက်ပြိုင်ပွဲကိုတော့ တရုတ်နိုင်ငံ ဟိုင်နန်ပြည် နယ် Sanya ကျွန်းမှာ နိုဝင်ဘာလ ၁ဝ ရက် ကနေ ဒီဇင်ဘာလ ၈ ရက် အထိကျင်းပသွားမှာ ဖြစ်ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here