ခါးအလှအတွက် ကျေနပ်ဝမ်းသာနေတဲ့ မော်ဒယ်လ်ကန်ဒယ်လ် ဂျန်နာ

0
120

အသက်၂၂ နှစ်အရွယ် အမေရိကန်နာမည်ကြီး မော်ဒယ်လ် ကန်ဒယ်လ်ဂျန်နာကတော့ သူ့ရဲ့ သေးသွယ် တဲ့ ခါးအလှအတွက် ဂုဏ်ယူမဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။ အစ်မဖြစ်သူ ကမ္ဘာကျော် အလှမယ် ကင်မ်ကာဒစ်ရှန်ရဲ့  ခါးဆိုဒ်က ၂၄ ရှိပြီး၊ သူ့ရဲ့ခါးကတော့ အစ်မဖြစ်သူထက် သေးသွယ်လှပတယ်လို့ ဆိုပါ တယ်။ အရပ် ၅ ပေ ၁ဝ လက်မခွဲရှိတဲ့ ကန်ဒယ်လ်ကတော့ သူ့ခါးဆိုဒ်ကို တိတိကျကျပြောတာမျိုးတော့မရှိပါဘူး။

အောက်တိုဘာလ ၆ ရက်နေ့က လော့စ်အိန်ဂျလိစ်မှာ ကန်ဒယ်လ်တစ်ယောက် အလှဖန်တီးရှင် မေရီ ဖိလစ်ရဲ့ လက်ရာနဲ့ တအားကိုပေါ် လွင်လှပနေပြီး သဘာဝဆန်တဲ့အလှတွေနဲ့ အလှကြီးလှနေတယ်လို့ လူမှုကွန်ရက်တွေပေါ်မှာ ဝိုင်းဝန်း ပြောဆိုနေကြပါတယ်။

ကန်ဒယ်လ်ဟာ ကိုယ်ကာယ ဆရာမမယ်လစ်ဆာ အယ်ကန်တာရာကို ငှားရမ်းပြီး အစ်မကြီးဖြစ်တဲ့ ကင်မ်နဲ့အတူ ရက်သတ္တပတ် တစ် ပတ်ကို တစ်ကြိမ် မိနစ် ၉ဝ နှုန်းနဲ့ ၆ ရက် လေ့ကျင့်တယ်လို့ သိရပါတယ်။

Ref:Hollywood life


LEAVE A REPLY

Please enter your comment!
Please enter your name here