ကျန်းမာရေး အခြေအနေကြောင့် အနားယူနေရတဲ့ Jackson

0
116

ကျန်းမာရေးအခြေအနေကြောင့် ပရိသတ်တွေနဲ့ တွေ့ဆုံလက်မှတ်ထိုးပွဲကို GOT7 ရဲ့ Jackson တစ်ယောက်တော့ မတက်ရောက်နိုင်ကြောင်း အောက်တိုဘာ ၉ ရက် မနက်မှာ အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။

“GOT7 ရဲ့အဖွဲ့ဝင် Jackson ဟာ အောက်တိုဘာ ၉ ရက်နေ့က ပရိသတ်တွေနဲ့ တွေ့ဆုံလက်မှတ်ထိုးပွဲကို ကျန်းမာရေးကြောင့် မတက်ရောက်နိုင်ပါဘူး။ ကျွန်တော်တို့ Jackson ရဲ့ ကျန်းမာရေး စိုးရိမ်ရတာမို့ အခုလို ဆုံးဖြတ် လိုက်ရတာပါ။

Jackson ရဲ့ ပရိသတ်တွေလည်း နားလည်မယ်လို့ ထင်ပါတယ်။ တခြားအစီအစဉ်များ အပြောင်းအလဲရှိရင်လည်း တရားဝင်ကြေညာပေးသွား မှာပါ။ Jackson လည်း ကျန်းမာရေး ပြန်ကောင်းအောင် ကြိုးစားနေတာမို့ မကြာခင် သူ့ရဲ့သူငယ်ချင်းတွေနဲ့ ပြန်လည်တွေ့ဆုံနိုင်မှာပါ” လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here