Gymဆော့ပြီးဝိတ်ချနေသူနေခြည်ဦး

0
240

Beauty Blogger နေခြည်ဦး ကတော့ လတ်တလောမှာ ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ‘အောက်ဖဲ မလှန်ကြေးနော်’ ဇာတ် ကားမှာ ကျော်ရဲအောင်၊ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်တို့ နဲ့အတူ ပါဝင်ရိုက်ကူးရ မှာပဲဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေ နဲ့အတူ သရုပ် ဆောင်ရမှာဖြစ်တဲ့အတွက် ဖိအားတွေ ရှိနေမလားလို့ မေးကြည့်တဲ့အခါ နေခြည်ဦးက အခုလို ပြောပါ တယ်။

”ဒီဇာတ်ကားက နေခြည့်အ တွက် စိန်ခေါ်မှုအများကြီး ရှိပါ တယ်။ ဒီဇာတ်ကားက ဟာသဇာတ် ကား ဖြစ်တဲ့အတွက် မခိုင်လေးဆီက သင်ယူစရာတွေလည်း ရှိနေတယ်။ ကိုယ့် ထက် ဝါရင့်တဲ့ စီနီယာတွေနဲ့ သရုပ်ဆောင်ရမှာဆိုတော့ ဖိအားတော့ ရှိတာပေါ့။ ဒါပေမဲ့လည်း ကိုခန့်တို့ မခိုင်ကြီးတို့ မခိုင်လေးတို့ ကူညီပေးတဲ့အတွက် နေခြည် အကောင်းဆုံး လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ နေခြည့်အပြင် တခြား သရုပ်ဆောင်အသစ်တွေ အကုန်လုံး ပါဝင်နေတဲ့အတွက် အကုန်လုံး ကြိုးကြိုးစားစားနဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်သွားဖို့လည်း ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။ ‘အောက်ဖဲမလှန်ကြေးနော်’ ဇာတ်ကားမှာရေကူး ဝတ်စုံတွေ အများဆုံးဝတ်ရမှာဖြစ်တဲ့အတွက် ခန္ဓာကိုယ်ပိုင်း နဲ့ ပတ်သက်ပြီး ဝိတ်ချနေတယ်လို့ နေခြည်ဦးကပြောပါတယ်။

 

”ဒီဇာတ်ကားက ကမ်းခြေမှာ ရိုက်ရမှာဖြစ်တဲ့အတွက် နေခြည်တို့ ရေကူးဝတ်စုံတွေ ဝတ်ရမှာပေါ့နော်။ ဒါပေမဲ့ နေခြည်ပရိသတ်တွေ အမြင် ရိုင်းမှာစိုးတဲ့အတွက် နေခြည် ဘီကီနီတော့ မဝတ်ပါဘူး။ ရိုးရိုးရေကူးဝတ်စုံ ဘောင်းဘီ အတိုလေးတွေပဲ ဝတ်ဖြစ်မှာပါ။ အဲဒီလိုအတိုတွေ ဝတ်ရ မှာဖြစ်တဲ့အတွက် ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ဝိတ်တွေချနေ တယ်။ Gymတွေ ဆော့တယ်။ အစုံပေါ့နော်။ ကြိုးစားနေ ပါတယ်။ ရေကူးဝတ်စုံ ဘောင်းဘီအတို လှလှလေးတွေလည်း ရှာထားတယ်။ အကောင်းဆုံးတော့ ကြိုးစားနေတယ်။ ကိုယ့်အတွက်နဲ့ တခြားသူတွေ အနှောင့်အယှက်မ ဖြစ်အောင် ပြင်ဆင်နေပါတယ်” လို့ ပြောပါတယ်။ မကြာ သေးခင်က သွားခဲ့တဲ့ Paris Fashion Week နဲ့ပတ်သက်ပြီး အမှတ် တရတွေအကြောင်း မေးကြည့်တဲ့အခါမှာတော့ နေခြည်ဦး က…

”နေခြည်တို့ သွားခဲ့တဲ့ ဒီ Paris Fashion Week ဟာ နေခြည့်အ တွက် အမှတ်ရဆုံး ၊ဂုဏ်ယူစရာ အ ကောင်းဆုံး ခရီးစဉ်တစ်ခု ဖြစ်ခဲ့ တယ်။ အချိန်က ခဏလေးပဲ ကြာခဲ့ တယ်ဆိုပေမယ့် တော်တော်လေး တန်ဖိုးရှိခဲ့တယ်။ အချိန်က သိပ်မရတဲ့အတွက် နေခြည်တို့ လေယာဉ်ပေါ်မှာပဲ မိတ်ကပ် လိမ်းတာတွေလည်း ရှိခဲ့တယ်။ ဘာပဲပြောပြော ဒီ Fashion Week က နေခြည်ကို အမှတ်တရတွေ အများဆုံးဖြစ်အောင် ဖန်တီးပေးခဲ့တယ်လို့ ထင်တယ်။ မကစ်(ဝတ်မှုံရွှေရည်)နဲ့လည်း ဓာတ် ပုံလှလှလေးတွေ ရိုက်ခဲ့တယ်။ မကစ် နဲ့က နေခြည်တို့ တူတူသွားတယ်ဆိုပေမယ့် တွေ့ချိန်တောင် သိပ်မရှိခဲ့ပါဘူး။ အကုန်လုံးအလုပ်တွေ ပြည့် နေတော့လေ။ ဒီခရီးစဉ်လေးမှာ အမှတ်တရတွေ အများကြီး ဖန်တီး နိုင်ခဲ့ တယ်” လို့ နေခြည်ဦးက သူ့ရဲ့ခရီးသွားအမှတ်တရတွေကို ပြောပြခဲ့ပါတယ်။

 

သဲစုလှိုင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here