ပရိသတ်တွေကို မေတ္တာရပ်ခံလိုက်တဲ့ ညီထွဋ်ခေါင်

0
167

nyihtut

ညီထွဋ်ခေါင်ပါဝင်သရုပ်ဆောင်ထားတဲ့ “အိုင်းစ်” ဗီဒီယိုဇာတ်ကားနမူနာက ဖေ့စ်ဘုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ပရိသတ်တွေလည်း အကြိုက်တွေ့နေကြပါတယ်။ ဒီဇာတ်ကားကတော့ မကြာခင်ထွက်ရှိတော့မှာဖြစ်ပြီး ညီထွဋ်ခေါင်က သူ့ရဲ့ပတ်ဝန်းကျင်က လူတွေကိုလေ့လာပြီး ဇာတ်ကားအတွက်အကောင်းဆုံးပြင်ဆင်ခဲ့ပါတယ်။

” အိုင်းစ်ဇာတ်ကားက အခုမထွက်သေးပါဘူး။ ကြော်ငြာပဲရှိသေးတယ်။ ကျွန်တော် ဒီဇာတ်ကားအတွက်ပတ်ဝန်းကျင်က လူတွေကိုလေ့လာပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ နောက်ပြီး ဒါရိုက်တာခိုင်းတဲ့အပေါ်မှာမူတည်ပြီး ကျွန်တော်အကောင်းဆုံး ပြင်ဆင်ခဲ့ ရိုက်ကူးခဲ့ပါတယ်” လို့ပြောပါတယ်။အခုလတ်တလောမှာ ပရိသတ်အားပေးမှုတွေရရှိနေတဲ့ ညီထွဋ်ခေါင်က သူအလုပ်တွေကိုကြိုးစားပြီး လုပ်နေတဲ့အတွက် သူ့ကိုအားပေးတဲ့ အရှိန် မလျော့သွားပါနဲ့လို့လည်း ပရိသတ်ကိုမေတ္တာရပ်ခံခဲ့ပါတယ်။ “အခုချိန်မှာကျွန်တော့်ကိုအားပေးတဲ့ ပရိသတ်တွေ့ရတာကြောင့် ကျွန်တော်အလုပ်ကိုအကောင်းဆုံး ကြိုးစားနေတယ်။ ပရိသတ်တွေကလည်း ကျွန်တော့်ကိုအားပေးတဲ့ အရှိန်မလျော့ သွားပါနဲ့လို့မေတ္တာရပ်ခံပါရစေ။ ပရိသတ်လက်ခံနေသရွေ့ အနုပညာအလုပ်ကို အကောင်းဆုံးလုပ်ဆောင် ကြိုးစားသွားမှာပါ” လို့ပြောပါတယ်။ ညီထွဋ်ခေါင်က “အိုင်းစ်” ဇာတ်ကားကို သွန်းဆက်နဲ့အတူပါဝင် သရုပ်ဆောင်ရိုက်ကူးထားပြီး အခုလတ်တလောမှာတော့” သရဲသင်္ဘော” ရုပ်ရှင်ဇတ်ကားကြီးကို ခန့်စည်သူ၊ သူရိယ၊ ခိုင်သင်းကြည်၊ ယုသန္တာတင်၊ သွန်းဆက်၊ ဆုအိမ့်စံတို့နဲ့အတူပါဝင်သရုပ်ဆောင် ရိုက်ကူးနေပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here