စန်းသော်တာ စာပေမိသားစု၏ သိမ်အလှူတော်

0
191


မန္တလေးမြို့နေ ဘုရား၊ သိမ်၊ ရဟန်း၊ ကုဋီ ဒါယကာ၊ ဒါယိကာမ ဦးသန်း ညွန့် x ဒေါ်တင်ရီနှင့် သား သမီး၊ မြေး၊ မြစ် (စန်းသော်တာ စာပေဖြန့်ချိရေး) မိသားစုက သီရိမင်္ဂလာ စန်းသော်တာ သိမ်အလှူတော်ကို မင်းကွန်းတောင်ရို၊ ဥမင်္ဂလ ကျောင်းတိုက်တွင် စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့သည်။

သိမ်အလှူ တော်တွင် နှစ်ဖက်မိဘများဖြစ်ကြသော ဦးကျောက်လုံး x ဒေါ်စိန်တင်၊ ဦးသန်း ညွန့်xဒေါ်တင်ရီတို့ကို အမှူးထား၍ ဦးကျော်မင်းxဒေါ်အေးအေးသန်း မိသားစု က ကျပ်သိန်း ၅ဝ ကုသိုလ်ပါဝင်ခဲ့သည်။

စန်းသော်တာ စာပေဖြန့်ချိရေးကို ၁၉၅၄ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး နိုင်ငံကျော်အနုပညာရှင်များ ဖြစ်ကြသော လင်းယုန်မောင်မောင်၊ တင်မိုး၊ မောင်သာရ၊ မောင်သာနိုး၊ မောင်မိုး သူ၊ စစ်ကိုင်းအေးလွင်၊ နတ်နွယ်၊ မင်းသိင်္ခတို့နှင့် ဦးသန်းညွန့်က ရွှေမန်းသန်းညွန့် အမည်ဖြင့် စာရေးဆရာဖြစ်၍ အထူးခင်မင်ရင်းနှီးခဲ့သည်။

ခန့်ကြီး


LEAVE A REPLY

Please enter your comment!
Please enter your name here