ပထမဆုံးတေးစီးရီးကို Limited Edition အဖြစ်ကျပ်တစ်သောင်းခွဲနဲ့ဖြန့်ချိရောင်းချမယ့် Project K

0
502

၂ဝ၁၆ခုနှစ်က ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ အကပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် လူငယ်အက သမား ၇ယောက်ဖြစ်တဲ့ ဝီလျံထွန်း၊ ချမ်းမြေ့ဦး၊ ဟိန်းရာ၊ ဘုန်းနေလင်း၊ ဘုန်းနေမင်း၊ ရဲရင့်သော်၊ မင်းခန့် ဟိန်းတို့ စတင်ဖွဲ့စည်းခဲ့ရာမှ ဒီနေ့အချိန်အထိ ပရိသတ်ကြီးအတွက် အနုပညာတွေ ဖန်တီးပုံဖော်ကာ ကြိုးစားတင်ဆက် ပေးနေတဲ့ အကအဖွဲ့ကတော့ Project K ဖြစ်ပါတယ်။ ယခုအခါ Project K ဟာ ပရိသတ်ကြီးကို အနုပညာနဲ့ တင်ဆက် ဖျော်ဖြေရာမှာအက တစ်ခုတည်းနဲ့တင် မကျေနပ်နိုင်ဘဲ အကောင်းဆုံး ဖန်တီးပုံဖော်ထားတဲ့ သီချင်းခွေ တစ်ခွေကိုပါ ပရိသတ်ကြီး လက်ထဲကို အရောက်ပို့ပေးတော့မှာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၁ရက် နေ့မှာ စတင်ဖြန့်ချိမယ့် “The Beginning” သီချင်းခွေကို စီစဉ်ဖြစ်တာနဲ့ ပတ်သက်ပြီး Project K အဖွဲ့ကို မေး မြန်းကြည့် တဲ့အခါမှာ…

”ကျွန်တော်တို့အဖွဲ့အနေနဲ့ အ မှတ်တရလေးတစ်ခုအဖြစ် ကျန်ရစ် နိုင်အောင် ဒီ အခွေလေးကို စု ပေါင်းပြီး လုပ်ဖြစ်တာပါ။ အောက်တို ဘာလ ၂၁ရက်နေ့မှာ ကျွန်တော် တို့အဖွဲ့ Mini Concert ပွဲလေးကို Junction City မှာ ပြုလုပ်မယ်။ အောက်တိုဘာလ ၂၄ရက်နေ့မှာ Mingalar Mandalay မှာ ထပ်ပြီး ပြုလုပ်မယ်။ သီချင်းပုံစံတွေက အခု လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ သီချင်းပုံစံအမျိုးအစား တွေပါမယ်။ ကျွန်တော်တို့ လုပ်ချင်တဲ့ ပုံစံမျိုး လေးတွေ၊ ပရိသတ်ကြိက်မယ့် ပုံစံ မျိုးလေးတွေ၊ နည်းနည်း ခေတ် ရှေ့ရောက်မယ့် Music ပုံစံမျိုးလေး တွေလည်း ပါမယ်” လို့ Project K အဖွဲ့က ပြောပြပါတယ်။


“The Beginning” သီချင်း ခွေကို Limited Album အနေနဲ့ အခွေအရေအတွက် ၃ဝဝဝ ခွေပဲ ဖြန့် ချိမှာဖြစ်ပြီး တစ်ခွေကို ကျပ် တစ်သောင်းခွဲနှုန်းနဲ့ ရောင်းချ သွားမှာဖြစ်ပါတယ်။ ရိုက်ကူးရေးက အစ နိုင်ငံခြားမှာ သွားရောက် ရိုက်ကူးထားပြီး အကောင်းဆုံး ကြိုး စားထားတာမို့ ဈေးကြီးတယ်ဆို ပေမယ့် ဝယ်ယူအားပေးကြပါဦး လို့လည်း Project K က ပရိသတ် ကြီးကို စကားလက်ဆောင်ပါးလိုက် ပါသေးတယ်။

”Album ရဲ့ Quality အပိုင်းရော၊ Printing အပိုင်းရော၊ အကုန်လုံးကို နိုင်ငံခြားက မှာထား တဲ့အတွက် ဈေးတော့ နည်းနည်း ကြီးနေမယ်။ သေချာပေါက်ဈေးကြီးနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကန့်သတ်ထားတဲ့အခွေအရေအတွက် ၃ဝဝဝကို တစ်ခွေ ၁၅ဝဝဝကျပ်နဲ့ ရောင်းရင်တောင် ကျွန်တော်တို့ ရှုံးပါသေးတယ်။ ပွင့်ပွင့်လင်းလင်း ပြောပြတာပါ။ ကျွန်တော်တို့ စိုက်ထုတ်ထားတဲ့အရင်းက ဒီထက်ပိုပြီး တောင် များပါသေးတယ်။ ဈေးကြီးတယ်လို့တော့ မသတ်မှတ်ပါနဲ့။ ပြီးတော့ အခွေတစ်ခု တည်းကိုပဲ ၁၅ဝဝဝကျပ်နဲ့ ရောင်းချပေးတာမဟုတ်ပါဘူး။ ကျွန်တော်တို့အခွေကို ဝယ်လိုက်ရင် အခွေနဲ့အတူ လက် ဆောင်တွေလည်း အများကြီး ပါပါသေးတယ်။ ကျွန်တော်တို့ရဲ့အခွေ လေးထွက်ရင် လည်း ပရိသတ်ကြီးက အားပေးကြ ပါဦး” လို့ Project Kအဖွဲ့က ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here